#uni
•°•ကြေမွပျက်စီးနေသော
(သို့မဟုတ် )
ပြန်လည်သစ်လွင်လာသော°•°__________________<♥>________________
"ဘာစားချင်လည်း Chan"
ကျောဘက်ဖျားဆီမှ မွှေးရနံ့ သင်းသင်းဟာ
သူ့ထံမှဖြစ်တည်လာသည်ဟူသည့်အဖြစ်မှန်ဟာ
Chanyeolအားပိုကြည်နူးစေသည်။အလုပ်ကိစ္စ အကြောင်းပြကာ
လုပ်ငန်းပါတနာအဖြစ် ဂျပန်သို့နှစ်ယောက်တည်း
ခရီးထွက်လာခဲ့မိခြင်း။"အင်း...ဘာမှမစားချင်ဖူး ဒီအတိုင်းပဲ
ဒီအတိုင်းလေးပဲနေချင်တယ်"ရစ်ပတ်ထားသောခါးထက်မှလက်တွေအား
ဖြုတ်ချကာ မျက်နှာချင်းဆိုင်စေပြီး
ရင်ခွင်ထဲတ်ုိးဝင်လာတဲ့ chanyeol၏
ပျော့အိအိဆံပင်များအား Yifanနမ်းရှိုက်မိသည်။"မထင်ထားဘူး chanလည်းချွဲတတ်မယ်လို့"
သုံးလေးငါးချက်ဆင့်နမ်းပြီးနောက် ဆံပင်များအားအသည်းယားစွာဆွဲဖွမိတော့ chnayeolကသဘောတကျရယ်နေသည်။
နွေဦးပေါက်တိုင်သီကျူးတတ်သည့်
တေးငှက်သံသာလိုမျိုး လွင့်ပျံလာတဲ့
ရယ်သံသဲ့သဲ့ဟာ လှုပ်ခါနေတဲ့ဆည်းလည်းလိုမျိုး
Krisရင်ကို တုန်ရီစေတယ်။"ကိုယ့်ကိုချစ်လားchan"
"အင်း..."
စဉ်းစားခြင်းမရှိ ၊ တွေဝေခြင်းကင်းမဲ့စွာ
ဖြေဆိုလာတဲ့အဖြေဟာ krisအတွက်သိပ်ကို
သဘောကျစရာကောင်းလွန်းသည်။ပို,ပို ပြီးတင်းကြပ်စွာဖတ်မိလေတော့
သူ ့ရင်ခွင်ထဲမှအကောင်ပေါက်လေးက
အင့်ခနဲ။"ဘာလို့ချစ်တာလဲ ကိုယ့်အကြောင်းကိုလဲ
သေချာဘာမှသိတာမဟုတ်ပဲနဲ့""ဒီအတိုင်း...ခင်ဗျားကခင်ဗျားဖြစ်နေလို့"
"တကယ်လား"
"အွင်း"
Yifanနဲ့ရုပ်ချင်းတူနေလို့ချစ်တာမဟုတ်လားဟု
kris မေးလိုက်ချင်ပေမယ့် သာယာနေဆဲအခြေအနေတစ်ရပ်အားမဖျက်ဆီးချင်။အားအကုန်သုံးကာမှီထားလေသူဟာ
မိခင်ပျောက်တဲ့ ကြက်ကလေးပမာ။
ESTÁS LEYENDO
BROKEN-SEASON|2| (COMPLETED)
Fanficကြေမွပျက်စီးနေသော~~~ ပြန်လည်သစ်လွင်လာသော~~~ Cover photo by unnie Phway Thant Khin