#uni
°•°ကြေမွပျက်စီးနေသော
(သို့မဟုတ် )
ပြန်လည်သစ်လွင်လာသော°•°__________________<♥>________________
နာကျင်ရသမျှ
လွှတ်ချဖို့ရာ
အချစ်က
ဟိုးနှလုံးသား
တစ်နေရာမှာ။_____________________________________
်"မင်္ဂလာပါညီမနာမည်Kim hanaပါ"
မိန်းကလေးဘက်မှစတင်နှုတ်ဆက်လေတော့
အပျက်ပျက်အယွင်းယွင်းဖြစ်သွားတဲ့
Chanyeolမျက်နှာကြောင့် yifanရင်ထဲ
ဆစ်ကနဲ။"အင်း...တွေ့ရတာဝမ်းသာပါတယ်"
တုန်ရီသောအသံဖြင့်
အရည်လဲ့နေမျက်ဝန်းများဖြင့်
ပြန်လည်နှုတ်ဆက်လာသည့်chanyeolဟာ
တစ်ခုခုကိုစိုးရိမ်နေပုံထင်ရသည်။Chanyeolထိုင်နေသည့်စားပွဲခုံ၌
ဖိတ်ခေါ်သူမရှိပဲသူမဝင်ထိုင်သည့်အခါ
အလိုအလျောက် yifanပါ
ထိုင်လိုက်ရသည်။မျက်စိရှေ့မှchanyeolကတော့
သိပ်ကိုပူပန်နေသယောင်။"စီနီယာက မပြောင်းလဲသေးဘူးနော်"
ချိုအီအီအသံမျိုးဖြင့် ရောယောင်နှုတ်ဆက်လေတော့ ဇာတ်တိုက်ယူထားသည့်အတိုင်း
"Baby နဲ့ chanyeolကသိနေတာလား"
ဟုအလိုက်သင့်yifanဝင်ထောက်ပေးတော့
ကြေကွဲခြင်းအပြည့်နှင့်အရည်လဲ့လဲ့မျက်ဝန်းတွေ။"ဒါပေါ့...အလယ်တန်းတုန်းက..."
"ဂျူနီယာလေ...hanaကကျွန်တော့်ဂျူနီယာ
ဒါနဲ့ ဟာနာ(hana) ကဘယ်လိုလုပ် Tom
Boyဖြစ်သွားရတာလဲ..အလယ်တန်းလောက်အထိ
သိပ်လှတဲ့ကောင်မလေးဖြစ်ခဲ့တာမလား.."Chanyeolဖုံးကွယ်ချင်သည့်အမှန်တရားဟာ
Hanaသည့်သူ့အားကြိုက်နေကြောင်း
Yifanသိသွားမည်ကိုစိုးရိမ်၍ဖြစ်ပြီး
သူမသိသည်က Yifan ဟာ
သူ့ထက်ပို၍ hanaနှင့်သူ့အကြောင်းကို
သိထားနှင့်ပြီးသည့် ကိစ္စရပ်ဖြစ်သည်။အတင်းလိုက်ပြီးဖုံးဖိနေတာ
ကိုယ်နာကျင်မှာစိုးလို့တဲ့လား
Chanyeol။
မတန်ဘူးလေ...ကိုယ်လိုကောင်က
မင်းအဲ့သည့်လောက်ထိ ချစ်ပေးဖို့မှ
မထိုက်တန်ပါပဲ။
![](https://img.wattpad.com/cover/129644635-288-k389452.jpg)
YOU ARE READING
BROKEN-SEASON|2| (COMPLETED)
Fanfictionကြေမွပျက်စီးနေသော~~~ ပြန်လည်သစ်လွင်လာသော~~~ Cover photo by unnie Phway Thant Khin