#uni
•°•ကြေမွပျက်စီးနေသော
(သို့မဟုတ် )
ပြန်လည်သစ်လွင်လာသော°•°__________________<♥>________________
သူလျှောက်တယ်...
မရပ်မနား။ မမောစတန်း။
တစ်ရံတစ်ခါပြေးတယ်။ တစ်ရံတစ်ခါ
နားတယ်။ ချွေးအလီလီထွက်နေပေမယ့်
အားအင်ကုန်ခမ်းလုစဲဖြစ်နေပေမယ့်
သူရပ်တန့်လိုက်ဖို့ရည်ရွယ်ချက်မရှိ။ပြင်ကျယ်ကျယ်ကွင်းပြင်ကြီးထဲ
သူတစ်ယောက်တည်း။သူသိပ်ချစ်ရတဲ့ သူ့ရဲ့ကိုကို(yifan)လည်းမရှိ။
သူ့အနားကိုလက်စားချေရန်ချည်းကပ်လာတဲ့
သူ့နှလုံးသားအားပြန်လည်နိုးထစေခဲ့တဲ့
သူနာကျင်စွာနဲ့မြတ်နိုးရတဲ့
Krisလည်းမရှိ။သူ့ဘေးနားမှာဂရုတစိုက်ရှိနေပေးတဲ့
သူ့ရဲ့တစ်ဦးတည်းသောသူငယ်ချင်း
Beakhyunလည်းမရှိ။သူသိပ်ချစ်ရတဲ့ min choiမှသည်
သူ့အားချစ်သည်ဟုဆိုသောမိန်းကလေး
Hanaလည်းမရှိ။တကယ့်ကို
ပြင်ကျယ်ကျယ်ကွင်းပြင်ကြီးထဲ
သူတစ်ယောက်တည်း။ခဏတာ ရပ်နားပြီးနောက်
ခြေဗလာနဲ့သူဆက်လျှောက်တယ်။
အဆုံးမရှိ။ ပန်းတိုင်မမြင်ရတဲ့
ဦးတည်ရာမဲ့တဲ့ လမ်းခရီးကို
အဖော်မပါသူတစ်ယောက်တည်း။ဝေဝါးဝါးအမြင်အာရုံမှ မှုန်ပြပြ
အရိပ်အယောင်လေး။~ကိုကို~
သူ့နှုတ်ဖျားမှ တိုးညင်းတဲ့ရေရွတ်သံ။မျှော်လင့်ချက်အစုံဖြင့်ပြန်လင်းလင်လာတဲ့
မျက်ဝန်းညိုညိုတွေ။လမ်းလျှောက်နေရာမှ ထိုအရိပ်မြူရှိရာဆီသို့
သူပြေးထမိတဲ့အခါ အကာအရံမပါသည့်
ခြေဖဝါးမှစူးရှရှနာကျင်မှု။သို့သော်သူမမူပါ။
ဆက်ပြေးတယ်။
သူပြေးသည့်လမ်းအတိုင်း
အရိပ်ဝေဝေဝါးက
သူနဲ့ဝေးရာဆီဆက်လျှောက်နေတယ်။~ကျွန်တော့်ကိုခဏလောက်ရပ်စောင့််
နေပေးလို့ရမလား~အတတ်နိုင်ဆုံးအသံထုတ်ကာ ပြောမိသည့်အခါ
အရိပ်ဖြူမြူရောင်မှာ ခေတ္တရပ်တန့်သွားပြီး
သူ့ထံလျှောက်လှမ်းလာတယ်။
أنت تقرأ
BROKEN-SEASON|2| (COMPLETED)
أدب الهواةကြေမွပျက်စီးနေသော~~~ ပြန်လည်သစ်လွင်လာသော~~~ Cover photo by unnie Phway Thant Khin