#uni
•°• ကြေမွပျက်စီးနေသော
(သို့မဟုတ်)
ပြန်လည်သစ်လွင်လာသော•°•_________________<♥>_________________
"ကိုကို hanaနဲ့အတူနေခဲ့တဲ့အကြောင်း
ခင်ဗျားသိလား"တငွေ့ချင်းလိမ့်ကာ
အပေါ်သို့လွင့်ပျံလာသည့်
သင်းပျံ့ပျံ့ကော်ဖီရနံ့။မေးခွန်းအဆုံးတွင်ထိုလူ၏
မျက်နှာပုံစုံတစ်ချို့ပျက်ယွင်းသွားခဲ့လား
ဆိုတာကိုတော့သူမသိလိုက်။"ဆိုင်လို့လား...
မင်းကိုယူခိုင်းလိုက်က
Geကိုkim hanaသတ်တဲ့သက်သေလေ
ဘာလို့မဆိုင်တာတွေမေးနေရတာလဲ"ရှည်သွယ်သောလက်ချောင်းများအား
လက်ညှိုးမှသည်လက်သန်းငယ်အထိ
ခုံစောင်းထက်တတိတိတီးခေါက်နေသော
ထိုလူ့အပြုအမူ။အရည်ကြည်တစ်ချို့မြိုချလိုက်ခြင်းကြောင့်
ထင်းခနဲပေါ်လာသည့်လည်ဇလုတ်ကိုတော့
သူတွေ့ဖြစ်အောင်တွေ့လိုက်သေးသည်။"သက်သေလိုချင်ရင်
ကျွန်တော်မေးတာအရင်ဖြေပါ"ခုန်ပေါက်နေသောရင်ဘက်ထဲမှ
ဆဲလ်များအားလျစ်လျူရှုစိမ့်သောငှါ
သက်သေကို.ရော့အင့်.ဟုပစ်ပေးပြီး
သူပြေးထွက်လာခဲ့ချင်ပေမယ့်
အဖြစ်မှန်တစ်ရပ်အား သူမသိလို့မဖြစ်။တီးခေါက်နေသောလက်ချောင်းများအား
တစ်ချက်ဆွဲစုလိုက်ပြီး နှုတ်ခမ်းသား
တစ်ဖက်တွန့်ကွေးရုံသာထိုလူပြုံးသည်။"သိတော့ရော ထူးမှာတဲ့လားpark chanyeol"
လွန်ခဲ့သောတစ်နေ့ညကတည်းက
ထိုလူ့မူပိုင် chan ဟူသောနာမ်စားအား
အသုံးပြုခြင်းမရှိတော့။အစားထိုးလာသည့်အသုံးအနှုန်းက
ရင့်သီးသူစိမ်းဆန်စွာဖြင့်
မျိုးရိုးအမည်တပ်ကာ နာမည်အပြည့်အစုံသာ
ခေါ်ဆိုနေခဲ့သည်။"ဒါဆိုလည်း
သက်သေမလိုချင်ဘူးလို့သဘောထားပြီး
ပြန်လိုက်ပါ့မယ် hanaကိုဖမ်းဖို့တော့ခင်ဗျားပဲ
ဆက်ပြီးကြိုးစားလိုက်ပေါ့"အတတ်နိုင်ဆုံးသူ့စိတ်ကိုတင်းကာ
ထိုလူ(kris)ဖွင့်ပြောလိုဖွင့်ပြောငြား
အိုင်တင်ခံလိုက်ရပေမယ့် တကယ်ကြီး
သူ့အားလွှတ်ပေစလိုက်လျှင်ဟူသော
ဒွိဟဟာ သူ ့စိတ်ထဲကြီးစိုးနေသည်။

ESTÁS LEYENDO
BROKEN-SEASON|2| (COMPLETED)
Fanficကြေမွပျက်စီးနေသော~~~ ပြန်လည်သစ်လွင်လာသော~~~ Cover photo by unnie Phway Thant Khin