#uni
°•°ကြေမွပျက်စီးနေသော
(သို့မဟုတ် )
ပြန်လည်သစ်လွင်လာသော°•°__________________<♥>________________
"ရှင့်မှာ Zhang Yixing ကလွဲလို့
တစ်ခြားသူငယ်ချင်းရှိမှန်း မသိခဲ့ဘူး"လုပ်ငန်းပရောဂျက်တစ်ခု
အောင်မြင်ခဲ့ခြင်းကြောင့်
ဂုဏ်ယူပါသည်ဟုဆိုကာ
ညစာကျွေးခိုင်းလေသော
သူငယ်ချင်းနှစ်ယောက်ဟာမျက်လုံးအပြူးသား။သူ့အားမေးငေါ့ပြကာ
ဘယ်ကဇယားလေးလဲဟု
မျက်စပစ်နေကြသည်။"တို့ဝင်ထိုင်လို့ရတယ်မဟုတ်လား"
ထိုအမျိုးသမီးမှာ
ကြိုဆိုသူမရှိသည့် စားပွဲအား
စိတ်အလိုကျဝင်ထိုင်ကာ
စားပွဲထိုးလေးအား ဘီယာတစ်ခွက်ပင်
မှာနေလိုက်သေးသည်။အချိုးကျတဲ့ခန္ဓာကိုယ်ရယ်ကြောင့်
ပုရိသအပေါင်းစွဲလမ်းစရာပင်ဖြစ်သည်။ဘေးတစ်ဖက်စီမှ သူငယ်ချင်းနှစ်ယောက်အား
လက်ခါပြကာ ထသွားစေသည့်အခါ
စားပွဲတစ်ခုထဲသူနဲ့သူမနှစ်ယောက်တည်း။"တို့ကိုစားမတက် ဝါးမတက်ကြည့်မနေနဲ့လေ
ဘာလဲ wu yifan shi ရဲ့အကြိုက်က
ယောကျာ်းလေးတွေမဟုတ်ပဲ မိန်းကလေးတွေဆီကိုပြန်ပြောင်းသွားတာလားဒါဆိုရင်chanyeolကတော့သနားစရာပဲပေါ့"ခနဲ့ကာရွဲ့ကာဆိုသောသူမရဲ့စကားကြောင့်
သူမဟာသူ့အား သူ့အစ်ကို(yifan)နှင့်မှား
နေမှန်းသူ(kris)သိလိုက်သည်။တစ်ဆက်တည်းမှာပဲ chanyeolဟူသော
နာမည်ကြောင့် ထိုမိန်းကလေးဟာ
Yifan ကိုအကြပ်ကိုင်ထားသူမှန်း
သူသဘောပေါက်ခဲ့ရ၏။ဝင်လာသောအတွေးစဟာ
မကောင်းမှန်းသိပေမယ့်
အစ်ကို ဟူသောသွေးသားရယ်ကြောင့်
သူဘာဆိုဘာမှမမြင်နိုင်ခဲ့။ထိုညဟာ
သူ့(kris)အတွက်အလှပဆုံးနှင့်
အကျည်းတန်ဆုံးဖြစ်ခဲ့ရသည်။BROKEN
"မင်းအခုထိငါ့အိမ်ကပြန်ဖို့စိတ်မကူးသေးဘူးလား"
နံရံ၏ဖန်သားမျက်နှာပြင်မှ
လက်တံရှည်ဟာကိုးနာရီသို့အတိအလင်းညွန်ပြနေသည်။
ŞİMDİ OKUDUĞUN
BROKEN-SEASON|2| (COMPLETED)
Hayran Kurguကြေမွပျက်စီးနေသော~~~ ပြန်လည်သစ်လွင်လာသော~~~ Cover photo by unnie Phway Thant Khin