Part-1

87 6 4
                                    

အမျိးသမီးတစ်ဦးJournal တစ်စောင်အား coffee တစ်ခွက် တင်ထားသော ဧည့်ခန်းစားပွဲပေါ်သို့ ဒေါသတကြီးနှင့်ပစ်ချလိုက်သည်...

မွန်းကြပ်မှုနှငိ့ တိတ်ဆိတ်စွာရှိနေသည့် ကြီးမားခမ်းနားလှသော အိမ်ကြီးအတွင်း ဘုန်းခနဲအသံမှာ ဟိန်းထွကိသွားပြီး အနီးအနားရှိ အစေခံများကလည်း.ကြောက်ရွံသွားကြသည်...

ထိုအမျိုးသမီး ပစ်ချလိုက်သော စာစောင်ကို ဧည့်ခန်းထိုင်ခုံတွင်ထိုင်နေသော အမျိုးသားကြီးက တစ်ချက်အကြည့်ရောက်လိုက်သည်...
"BJ Group ၏ သူဌေးနှင့် တတ်သစ်စ မင်းသမီးချောလေးတို့၏ အချစ်ရေး"ဟူသော.ခေါင်းစဉ်ဖြငိ့ သတင်းက BJ ၏ သူဌေးဖြစ်သော သူ့အားလှောငိနေသလိုလို...

သို့သော်လည်း သူဘာမှမဖြစ်သလို မထီမဲ့မြင် မျက်နှာနှင့် ရှေ့စားပွဲပေါ်ရှိ coffee ခွက်ကို ယူ၍ အရသာခံကာသောက်လိုက်သည်...

သူ့ရှေ့ရှိ အမျိုးသမီးမှာတော့ ဒေါသအိုးပေါက်ကွဲလျက်...
"ရှင်တော်တော်အရှက်မဲ့နေပါလား"

"....."

"ရှင်လူစကားနားလည်ရင် ကျမပြောနေတာအဖက်လုပ်ပေး"

အိုး....ကြားနေကျအသံတွေပဲ
အပေါ်ထပ်အိပ်ခန်းမှထွက်လာပြီး ကျောပိုးအိတ်လွယ်ထားသော Minzy က ပြောင်လက်နေသော တိုက်ထားသော လှေကားပေါ်မှဆင်းလာရင်း ဧည့်ခန်းရှိသူတို့နှစ်ဦးအား စိတ်ပျက်စွာကြည့်နေမိသည်...

Omma ကလည်း အာကျယ်အာကျယ်နဲ့စကားကိုများတယ်...ဒီက Minzyရဲ့ အမေလို့ပြောရင်မည်သူမျှယုံမည်မထင်...ဒီအိမ်မှာ ငါ့အသံကိုတောင် ကြားဖူးသူ ခပ်ရှားရှားရယ်...

ငါစကားနည်းတာက appa နဲ့တူတာထင်ရဲ့...အခုလည်းကြည့်လေ..အပြင်မှာ ပွေချင်တိုင်းအရှက်မရှိပွေပြီး သတင်းစာပေါ် ကိုယ့်သတင်းကြီး ပြူးနေတာတောင် coffee ထိုင်သောက်ပြီး စကားတစ်ခွန်းမှမဟဘူး...
တကယ့်တော့ ငါစကားနည်းတာဘယ်သူ့ကြောင့်မှမဟုတ်ပါဘူးလေ...သူတို့၂ယောက်ရဲ့အခုလို အပြုအမူတွေကြောင့်...ဘယ်သူနဲ့မှစကားမပြောချင် အပေါင်းအသင်းမလုပ်ချင်လောက်အောင် ငါ့စိတ်ဓာတ်တွေ ရိုက်ချိုးခံလိုက်ရတာ...

The Heart Where I lieWhere stories live. Discover now