Part 13

16 6 2
                                    

"Dae ah ငါကမင်းအိမ်တောင်ဝင်ခေါ်ခဲ့သေးတယ် မင်းကငါ့မစောင့်ပဲသွားမယ်ဆိုလဲမပြောသွားဘူး"

Ri canteenဆီလျှောက်ရင်း စကားပြောလာပြီး DaeSung ၏ ရှေ့ခုံတွင် ဝင်ထိုင်လိုက်သည်
DaeSungက သူ့အားအရေးမလုပ် Ph screenကိုကြည့်ရင်း မျက်လုံးများ ပိတ်သွားအောင်ပြုံးနေသည်....

"Yarrr Kang DaeSung"
Riက ခပ်ကျယ်ကျယ်အော်လိုက်သည်....
ထိုမှသာ သတိဝင်လာပြီး "Wae"

သူ့လက်ထဲမှ phကို ဆတ်ခနဲ Seungri ဆွဲယူလိုက်သည်....
ph screen ပေါ်တွင် ပေါ်နေသည်က Gallary ထဲမှပုံတချို့...
Minzy အား ခိုးရိုက်ထားသော snap ပုံများ

Seungri သက်ပြင်းကိုချလိုက်ပြီး DaeSung အား သနားသောအကြည့်ဖြင့်ကြည့်လိုက်သည်...
"မင်းဘယ်အချိန်ထိ ဒီလိုလုပ်နေမှာလဲ"

Daeကပြန်မဖြေ..ရှေ့က ကော်ဖီခွက်ကိုအကြောင်းမဲ့မွေနေသည်...
"ဒီလိုတိတ်တိတ်လေး ကြိတ်ကြွေနေပြီး နောက်ဆုံးမှာ မင်းသမီးနဲ့ပေါင်းတာ Drama တွေထဲမှာပဲရှိတယ်နော်"
DaeSung က မတုန်မလှုပ်ဖြင့် ကော်ဖီခွက်ကို စိုက်ကြည့်နေသည်
"မင်း တစ်နေ့ထက်တစ်နေ့ မင်းရဲ့ခံစားချက်တွေလေးနက်လာတာ မင်းကိုယ်တိုင်တော့သိလားမသိပေမဲ့ ဘေးလူ ငါတော့သိတယ်"

"ငါ့ကိုဖွင့်ပြောစေချင်တာလား"

"အေး မင်းသူမသိအောင်တိတ်တိတ်လေး သူလိုတာကို ဖြည့်ဆည်းပေးမဲ့အစား သူမြင်သာတဲ့တစ်ထောင့်တစ်နေရာမှာ ရှိနေစေချင်တာ"

"သူမြင်သာတဲ့တစ်ထောင့်တစ်နေရာဆိုတာ ငါရှာမတွေ့ဘူး ငါသူနဲ့ခင်လာတာကြာပြီ ငါအမြဲရှာခဲ့တယ် သူ့စိတ်ထဲကို ဝင်နိုင်မဲ့ ကွက်လပ်လေးတစ်စုံတစ်ခု arnyi ငါမတွေ့ဘူး ပိတ်ဆို့နေတယ် အဲ့ပိတ်ဆို့ထားတဲ့အရာက ဘာလဲငါမသိဘူး"

"ဒါပေမဲ့ မင်းအချစ်ကိုထုတ်ပြသင့်ပြီ"

DaeSung ခေါင်းကိုဖြေညှင်းစွာငြိမ့်လိုက်သည်

"Daeတို့တောင် ရောက်နေကြပြီလား"
အပြုံးမျက်နှာလေးနှင့် သူတို့စားပွဲဝိုင်းထဲဝင်ထိုင်လိုက်သော Minzyကြောင့် စကားစပြတ်သွားကြသည်...

Minzyက ရယ်မောရင်းစကားများစွာကိုပြောနေသည်
DaeSung နှင့် Seungri တို့၏အတွေးကတော့ သူမ၏စကားလုံးများထံမှာမရှိ
Riကတော့ သူ့သူငယ်ချင်း DaeSung အတွက်ရင်မောနေရပြီး DaeSung၏ အတွေးကတော့Minzyမျက်နှာဝိုင်းလေးပေါ်တွင်သာရှိသည်...

The Heart Where I lieWhere stories live. Discover now