Part-6

46 6 2
                                    

"Borrrrr!"

"အ​မေCanada သွား​တော့မယ်​"

"......"
သူ့အ​မေ၏စကားအဆုံးတွင်​ Minzy ပါးစပ်​အ​ဟောင်းသားနှင့်​ဘာမှမ​ပြောနိုင်​​တော့....စကားလုံးများအစား မျက်​ရည်​များသာထွက်​ကျလာသည်​..

"အ​မေ သူနဲ့ တစ်​စက္ကန့်​​လေး​တောင်​ အတူမ​နေနိုင်​​တော့ဘူး..ကွာရှင်းမယ်​ဆိုလည်း ဂုဏ်​သိက္ခာကိုထိခိုက်​တယ်​..အဲ့​တော့ သက်​သက်​ဆီခွဲ​နေကြဖို့ဆုံးဖြတ်​လိုက်​တယ်​...သူလည်း လုပ်​ချင်​တာလုပ်​ အ​မေလည်းလုပ်​ချင်​တာလုပ်​​တော့မယ်​"

မျက်​ရည်​များဖြင့်​ ငိုင်​ကျသွား​သော Minzy ပုခုံးကို ​ချော့​မော့သလိုပုတ်​​ပေးပြီး အခန်းထဲမှ Minzy အ​မေ့ဟုပင်​မထင်​ရ​လောက်​​အောင်​ အချိုးကျန​သော​ခြေလှမ်းဖြင့်​ လှပစွာ​လျောက်​ပြီးထွက်​သွားသည်​...

*ဒါဆိုသမီးက​ရော...သမီးကဘယ်​လိုကျန်​​နေခဲ့ရမှာလဲ*
အခန်းထဲမှ ကုတင်​​ပေါ်တွင်​ တင်​ပလွဲ ထိုင်​​နေရင်း မျက်​ရည်​များကို ခပ်​ကြမ်းကြမ်းသုတ်​ပစ်​လိုက်​သည်​...

မှန်​ပြတင်း​ပေါက်​ဆီသို့ ​လေးလံ​စွာ​လျောက်​သွားရင်း မီးခိုး​ရောင်​ခန်းဆီးစကို ဖယ်​၍ အပြင်​ကို​ငေးကြည့်​မိ​တော့ အ​တော်​​လေး​မှောင်​​နေပြီ...

နာရီကိုကြည့်​လိုက်​​တော့ 9:00PM

အ​နွေးထည်​တစ်​ထည်​ကို​ယူ၍ စိတ်​​ပြေလက်​​ပျောက်​ အပြင်​ထွက်​လာခဲ့သည်​....

အပြင်​တွင်​မြူများဆိုင်း​နေပြီး ​အေးစိမ့်​​နေသည်​...အ​နွေးထည်​ကိုတင်း​နေ​အောင်​ဆွဲစိပြီး လက်​ကိုပိုက်​လိုက်​သည်​...

ပါးစပ်​မှ အ​ငွေ့ကတ​ထောင်း​ထောင်းထွက်​​နေသည်​...ဆိတ်​ငြိမ်​ရပ်​ကွက်​မို့ လမ်း​ပေါ်တွင်​ လူပြတ်​​နေပြီး သစ်​ရွက်​​ခြောက်​များကို နင်းမိ​သော မိမိ၏​ခြေသံကိုပြန်​ကြား​နေရသည်​...

ငယ်ငယ်​ထဲက အ​မေမရှိဘဲတစ်​ခါမှမ​နေဖူးခဲ့...မည်​သို့ပင်​ တင်းမာသလို သံ​ယောဇဉ်​ မရှိသလို ဟန်​​ဆောင်​ ​နေ​သော်လည်း တကယ်​တမ်းကျ မခွဲနိုင်​...ရက်​စက်​ကြသည်​...သူတို့ခံစားချက်​​တွေအတွက်​ မိမိ၏ခံစားချက်​ကိုထပ်​မ​တွေးကြ...

The Heart Where I lieWhere stories live. Discover now