Part-14

25 6 7
                                    

"သမီး ဒီနေ့အမေတို့အိမ်ကိုဧည့်သည်လာမယ် သားရေးသမီးရေး စကားပြောဖို့ပေါ့သမီးရယ် သမီးကောင်းကောင်းလေးပြင်ဆင်ထားနော်"

မှန်တင်ခုံရှေ့ထိုင်၍ Minzyတစ်ယောက် စိတ်မပါတပါနှင့် မျက်နှာကို cream padရိုက်နေရင်း အမေပြောသောစကားကို ပြန်စဉ်းစားနေမိသည်

အမေတို့ကလည်း ဘာတွေလုပ်မှန်းမသိဘူး....
ရိုက်လက်စ cream pad ဘူးကိုပိတ်ရင်း မြည်တွန်တောက်တီးနေမိသည်

အမေ ဟိုတခါ Canada သွားမယ်ပြောထဲက သူမအရမ်းစိုးရိမ်နေခဲ့သည်။ မသွားရန်ချော့မော့ပြောဆိုပြီး အမေမျက်နှာမပျက် စိတ်မဆင်းရဲရအောင် အရိပ်တကြည့်ကြည့် နေခဲ့သည်။ မခွဲနိုင်တော့လည်း ကလေးကလူကြီးကို အလိုလိုက်ထားရသည်။ ဟိုတလောကလဲ သူမ၏ ဖရိုဖရဲ ဆံပင်အကောက်တွေကို saloon သွား၍ ပုံသွင်းပေးတုန်းကလဲ မကြိုက်သော်လည်းမငြင်းခဲ့။ သူမဆံပင်ပုံစံအသစ်ကို YoungBae Oppa, Dae နှင့် Ri တို့က လှသည်ဟု ချီးကျူးသောကြောင့် အမေ့ကိုပင်ကျေးဇူးတင်ခဲ့ရသေးသည်။ ထိုနေ့က ဆံပင်ပုံစံအသစ်နှင့်သူမကို Daeက ဓာတ်ပုံရိုက်ပေးခဲ့သည်။

"Minzy နင်ကတကယ်လှတာ သိလား"
ဟု ခေါင်းလေးကိုပုတ်၍ ပြောသေးသည်။
ယောင်္ကျားလေးတစ်ယောက်၏ ပထမဆုံး မိမိအလှကိုချီးကျူုးခြင်းဖြစ်၍ သူမပျော်ရွှင်စိတ်လှုပ်ရှားခဲ့တာ အမှန်။

အခုတော့ အမေကလွန်ပြီ။
ဒီသမီးလေးကို ယောင်္ကျားပေးစားဖို့တောင်လုပ်နေသည်

"ဟာ တကယ်ပါပဲ"
စိတ်ရှုပ်ရှုပ်နှင့် အော်ဟစ်၍ သေသေသပ်သပ်ဖြီးထားသော ခေါင်းကဆံပင်တွေကို ဆွဲဖွလိုက်သည်...

"သမီးရေ ဧည့်သည်ရောက်နေပြီ ဆင်းခဲ့ပါဦး"
အမေ့၏ အသံချိုချိုကိုကြားလိုက်ရသည်

ဘယ်အချိန်ထဲကရောက်နေတာလဲ
ကားစက်နှိုးသံတောင် မကြားလိုက်ရဘူး...
ဆံပင် လက်ဖြင့်သာသပ်၍ အခန်းထဲမှထွက်လာခဲ့သည်

အောက်ထပ်သို့ဆင်းရန် လှေကားထစ်ပေါ်ခြေလှမ်းလေးလံစွာ လှမ်းလိုက်ပြီး ဧည့်ခန်းဆီလှမ်းကြည့်လိုက်သည်

ဟင်...YoungBae Oppa
သူမ မျက်လုံးများကိုပွတ်၍ သေချာပြန်ကြည့်သည်
ဟုတ်ပါတယ် သူမှသူအစစ်
လူကြီးတွေနှင့် ရယ်မော၍ နှုတ်ဆက်နေသောသူ
ဘောင်းဘီအဖြူ ၊ T shirt အဖြူ ရောင်လေးအပေါ်မှာ အနက်ရောင်coatလေးကို ထပ်ဝတ်ထားသည်
ဘယ်အချိန်ကြည့်ကြည့်သပ်ရပ်ကျော့မော့နေသောသူ
ကျွန်မရဲ့ အဖြူ ရောင်နတ်သားလေးသူ
လှေကားဆီမှမဆင်းနိုင်သေးဘဲ ပြုံး၍ ငေးကြည့်နေမိသည်

The Heart Where I lieWhere stories live. Discover now