Part-2

53 6 2
                                    

သူ၏ချစ်သူ Barbie မလေး၏ စိတ်ကောက်မှူကိုဖြေရှင်းရန်အတွက်Dong Young Bae တစ်ယောက် သူထိုင်နေကျဖြစ်သော တိတ်ဆိတ်သည့် ကန်ဘောင်ကိုရွေးချယ်လိုက်သည်...စကားများစွာပြော၍ ချော့ရမည်မဟုတ်ပါလား....

စိတ်ကောက်သည့် ကိစ္စကလည်း ဒီလို...
Supermarket တစ်ခုတွင် သူ့မျက်စိရှေ့ဠ်မိန်းကလေးတစ်ဦး၏ ဖိနပ်အားပြတ်သွားသည်...ဖိနပ်ကလည်းဘယ်တုန်းကပြတ်ချင်နေသည်မသိ...ထို့ကြောင့် သူက ကယ်တင်ရှင်ပီပီ ထိုမိန်းကလေးအား ဆိုင်တစ်ဆိုင်တွင်ခနစောင့်ခိုင်းပြီး ဖိနပ်သွားဝယ်ပေးလိုက်သည်...ကိစ္စကထိုမျှနှင့်မပြီးဘဲ ထိုမိန်းကလေးမှာမရှိရှိသော စကားစအားရအောင်ရှာကာ မပြီးနိုင် မစီးနိုင် ဆိုင်တွင်ထိုင်ကာ စကားဖောင်ဖွဲ့လေတော့သည်...

YB မသိခဲ့သည်ကထိုမိန်းကလေးသည် သူ၏ချစ်သူ Bommie၏ ဆေးကျောင်းတွင်းအတူ တက်နေသူ ဆိုသည်ကိုပင်ဖြစိသည်...

"YG group ရဲ့တစ်ဦးတည်းသောသား Young Bae က ကိုယ့်ကိုချဉ်းကပ်လောက်အောင်စန်းတွေပွင့်နေတာလေဟယ်..သူ့မျက်လုံးက ကိုယ့်ကိုကြည့်တာလည်း အကြင်နာ လေးတွေပြည့်လို့..ဒီဖိနပ်ကလည်း သူဝယ်ပေးလိုက်တာလေ size တောင်သူကသိသေး"
YB ကြုံရာဝယ်ပေးလိုက်သောဖိနပ်ကိုပြ၍
ပုံကြီးချဲ့ကြွားနေသော ထိုမိန်းမ၏းကားက Bom၏.ရွှေနားတော် သို့ရောက်ပြီး YB အား အမျက်တော်ရှလေတော့သည်...

Bom မှ ထိုစကားများအားပြန်ပြောတော့ သူ့မှာရယ်လိုက်ရတာ ခွက်ထိုးခွက်လန်...မျက်လုံးက ကြင်နာမှုတွေ ပြည့်နေတယ်ဆိုပဲ..."ငါ့ရုပ်လေးကိုက စိတ်ကောင်းရှိတဲ့ရုပ်လေး ဖြစ်နေတာ နေမှာပါလေ"...ဘ၀င်မြင့်မြင့်တွေးလိုက်သေးသည်...

ထိုသို့အကူအညီကောင်း၍ ပြဿ နာတက်သည်မှာလည်း တစ်ခါနှစ်ခါမကတော့...

အရင်တစ်ခါ သူ၏ သူငယ်ချင်းမိန်းကလေးတစ်ယောက် ညဘက်လမ်းတွင်ကားပျက်နေသော ကြောင့် သူ အိမိပြန်ပို့ပေးခဲ့ဖူးသည်...ထိုမိန်းကလေး၏ မိဘများက အတင်းသမက်ဖမ်းသောကြောင့် မနည်းရှင်းယူခဲ့ရသေးသည်...

*ငါလေးက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် Young Bae လေးလေ*

The Heart Where I lieWhere stories live. Discover now