🌾가을 연인Prologue🌾

3.9K 328 15
                                    


Gochang~

အထင်ကရ Seoul မြို့မှ အချိန် ၄နာရီခွဲ သွားလာပါက ရောက်နိုင်သော နေရာလေး...
ဆူညံရှုပ်ထွေးသော မြို့ပြနှင့် ခွဲထွက်ကာ သဘာဝ အလှအပတို့အား ခံစားနိုင်မည့် လောက နိမ္ဗာန်လေး.
ထိုအကြောင်းအရာတို့အား ထပ်ဆင့် ခိုင်မာစေရန် သက်သေပြမှု့က

'Borinara Hagwon farmland'
561,983m×2 (1,843,780ft) ကျယ်ဝန်းသော farmland ကား တမျှော်ခေါ် နဲ့ စိမ်းမြသော လယ်ကွင်းများ. တောင်ကုန်းများနဲ့ အသက်ဝင်လှသည်...
ကမ္ဘာလှည့် ခရီးသွား အပေါင်းကော ပြည်တွင်း ခရီးသွား အများအပြားကိုပါ ဆွဲဆောင်နိုင်သော နေရာတခုလည်း ဖြစ်သည်.

ထို farmland နဲ့ အတူ နောက်ထပ် နာမည်ကြီး သတင်းမွှေးသော အကြောင်းအရာ တခုလည်း ရှိသေးသည်.

'Buckwheat flower'

🌾 လှပ ဖြူစင်တဲ့ ဒီပန်းလေးတွေကို ကျွန်တော် မြတ်နိုးတယ်.
သူ ပွင့်ချိန်ရောက်တိုင်း ကံကောင်းခြင်းတွေ ဆောင်ယူလာတယ်လို့ မှတ်ယူထားတယ်.
ဆောင်းဦးပေါက် ရာသီ...
ဂျုံပန်းလေး.
ဒါတွေရှိရင် ကျွန်တော့်ဘဝ နေသာပါတယ်.

🍂ပကာသန. ဂုဏ်ထည်မှု့. ရာထူး. အာဏာ. ဒါတွေနဲ့ ကွဲထွက်ပြီး မင်းက တမျိုးလေး ဆန်းတယ်.
ဒီလို စိတ်ပျက်ငြီးငွေ့ စရာတွေနဲ့စာရင် မင်းက အသစ် သစ်သော ခံစားမှု့ကို ပေးနိုင်မယ် ထင်ရဲ့။
လမ်းဘေးမှာ ပေါက်တဲ့ ပန်းလေးက သိပ်ဖြူစင်တယ်လို့တော့ မပြောနဲ့။ သူလည်း အရောင်ဆိုးသွားနိုင်လို့။

🍂Buckwheat flower ရဲ့ အဓိပ္ပါယ်က ဘာလဲ?

🌾Lover တဲ့။

🌾🍂가을 연인🌾🍂

မနေနိုင် မထိုင်နိုင် ပန်းပုံနဲ့ Byun တွဲတွေ့မိယုံနဲ့ fic တပုဒ် အသက်သွင်းမိသူပါ.
ဖတ်ပေးကြပါအုံး.
Sakura လို မဖြစ်စေရဘူးလို့ .

အာမ မခံနိုင်ပေမဲ့ ကြိုးစားပါ့မယ်.

အသစ်ဆိုတော့ အဆင်ပြေရဲ့လား သိချင်ပါတယ်.

🌾🍂Autumn Lover🌾🍂Where stories live. Discover now