🌾가을 연인-장 3🌾

1.3K 244 28
                                    


ဂါရဝလာပြုသူများနှင့် စည်ကားနေသော Baek Appa ရဲ့ အခန်းလေးထဲ Baek တယောက် လာသမျှ လူများကို ပြန်လည်ဦးညွှတ်ရင်း စက်ရုပ်တရုပ်နှယ် လှုပ်ရှားနေလေသည်…

အနက်ရောင်ဝမ်းဆက်လေးနဲ့ ပိန်ကျသွားသော မျက်နှာနွမ်းနွမ်း…
ဒီနေ့ Appa အရိုးပြာလည်း မျောပြီးပြီမို့ အိမ်ပြန်ရတော့မည်လေ.
လူတွေ ရှင်းတော့မှ အိတ်လေးတလုံး လွယ်ကာ အိမ်အပြန်လမ်းကို စတင်ခဲ့သည်.
လမ်းလျှောက်ပြန်လာရင်း မျက်လုံးတို့ သတိထားမိတဲ့ နေရာရောက်တော့ ဟန်မြစ်ကမ်းနား ရောက်နေမှန်းသိရသည်…
ညအချိန်မို့ အပန်းဖြေအနားယူသူများနှင့် ဟန်မြစ်ကမ်းက စည်ကားနေလေသည်.
မိသားစုအလိုက် ဝိုင်းဖွဲ့ထိုင်နေသူများ. ကလေးသူငယ်များ ဆော့ကစားနေကြပုံများကို ငေးမောကြည့်နေသူတယောက်ကား Baek ပင်ဖြစ်လေသည်…

Baek မျက်လုံးတို့တွင် အားကျသော အရိပ်အယောင်လေးတွေ ထင်ဟပ်နေလေရဲ့။

ထိုကောင်လေးနောက်ကျောကို ခပ်လှမ်းလှမ်းမှ ကြည့်နေသော လူတယောက်လည်း ရှိခဲ့လေသည်.

ဆုံးရှုံးပြီးသား အရာတွေကို ပြန်လည်တမ်းတမနေစမ်းနဲ့။
မင်းလေး ပိုနာကျင်နေမှာပေါ့. မေ့ပစ်လိုက်စမ်းပါ.

            🌾가을 연인 🌾

Appa ဆုံးပြီးBaek လည်း ကျောင်းပြန်တက်ကာ Farmland မှာပဲဆက်နေဖြစ်သည်. NiSam ရဲ့ ကြည့်ရှု့စောင့်ရှောက်မှု့ကြောင့်သာ သူ ယခုလိုဆက်လက်နေနိုင်တာမို့ Farmland အလုပ်ကို ပိုကြိုးစားလုပ်ဖြစ်သည်.
ဂျုံပန်းခင်းလေးကို Baek ပြုစုပျိုးထောင်ဖို့ တာဝန်ပေးခြင်းခံရတော့ အတော်ပျော်ခဲ့ရသည်.
ကျောင်းအားတာနဲ့ ထိုပန်းခင်းလေးထဲမှာပဲ အချိန်ကုန်လေ့ရှိသည်.
ဒီနေ့လည်း ညနေစောင်းမှ အချိန်ပိုင်းအလုပ်ပြီးတာမို့ ဂျုံပန်းခင်းထဲ ရောက်နေပြန်လေသည်.
လမ်းမီးတိုင်တို့ လင်းလာတာသတိထားမိ တော့မှ အတော်မှောင်နေပြီမှန်းသတိရပြီး အိမ်ပြန်လာခဲ့သည်.

အိမ်လေးကို သော့ဖွင့်လိုက်တာနဲ့ ရှုပ်ပွနေသော ဧည့်ခန်းလေး. Baek ရဲ့ အိပ်ခန်းလေးလည်း ထိုနည်း၎င်းပင်. တစုံတခု ကို ရှာဖွေမွှေနှောက်ထားပုံရတာမို့ နေရာတိုင်းသည် ပွစာကြဲလျက်…

🌾🍂Autumn Lover🌾🍂Wo Geschichten leben. Entdecke jetzt