🌾가을 연인-장 5🌾

1.2K 226 22
                                    


မနက်စောစော နှင်းရည်စွတ်မိုးတဖြောက်ဖြောက် သံများကြား Baek နိုးထလာခဲ့ချိန်မှာ အပြင်လောက ကား သာယာမှု့အတိပြီးနေလေသည်.

သွားတိုက် ကိုယ်လက်သန့်စင်အပြီး အောက်ထပ်က အခေါ်တော်ရှိတာမို့ ဆင်းလာခဲ့တော့ ခါတိုင်းမတွေ့ရသော X ကို ထမင်းစားဝိုင်းမှာ ကော်ဖီထိုင်သောက်နေတာ တွေ့ရသည်.

Baek လည်း သူ့ဘာသာ ဝင်ထိုင်လိုက်တော့ Baekရှေ့က ကြွေပန်းကန်လှလှ ထဲ အဒေါ်ကြီးက ကော်ဖီ လာဖြည့်သည်.
ပေါင်မုန့်မီးကင် ကြွပ်ကြွပ်တချပ်ကို လက်လှမ်းလိုက်စဉ် မှာပဲ.

'နောက်နှစ်ရက်ကျ ယောက်ဆော့နမ် ကိုသွားရမယ်. စစ်ဘေးနီးတဲ့ ဒေသမို့ နည်းနည်းတော့ အန္တရာယ်ရှိနိုင်တယ်. ပြင်ဆင်ထားလိုက်ပါ. '

X ကပြောပြီး ကော်ဖီသောက်နေရာမှ ထတော့. .

'Baek ကို ဘာလို့ လိုက်ဖို့ ခေါ်တာလဲ။ '

'တချိန်ကျ ရင်းနှီးရမဲ့ နေရာတွေမလား. ဒါကြောင့် အ့ဒီ ဘာသာရပ်ကို ယူခဲ့တာပဲမလား. ကျယ်ပြောတဲ့ လောကထဲ ခြေချနိုင်ဖို့ ခုချိန်တည်းက စတင်ခြေလှမ်းထားမှ ရမယ်.
နက်ဖန် မနက် ၅နာရီ.ဧည့်ခန်းမှာ မြင်ချင်တယ်.  '

ကျယ်ပြန့်လှသော သူ့ နောက်ကျောကိုငေးကြည့်ရင်း Baek နေရာမှာ တုပ်တုပ်မျှ မလှုပ်မိ.

Baekက ခင်များအမိန့်ပေးရာ ထဲလိုက်ကနေရမဲ့ နယ်ရုပ်လေးလား. . . X ?

             🌾가을 연인 🌾

အဝတ်ထည့်ထားတဲ့ သေတ္တာအိတ်ကို ခပ်သွက်သွက် ဆွဲလိုက်ရင်း ဧည့်ခန်းဆီ ဆင်းလာတော့ ၅နာရီ အတိ.
၅နာရီ ဒေါင်ဆိုတာနဲ့ အိမ်ရှေ့ ကျွန်းတံခါးအနက်ကြီးက ပွင့်လာပြီး လူတယောက်ဝင်လာခဲ့သည်.
Baek က X ထင်ပြီး မျက်လုံးလေးပင့်အကြည့်…

မီးစာလေး လေတိုက်ပြီး ဟုတ်ခနဲ ငြိမ်းသွားသလိုပင် Baek ရဲ့ မျှော်လင့်ချက်တို့သည်လည်း နလန်ပင်ပြန်မထူလာနိုင်ခဲ့.
အကြောင်းကား Baek ကို လာခေါ်သော လူက X မဟုတ်ခဲ့။ ခါတိုင်း လာခေါ်နေကြ Sehun လည်း မဟုတ်ခဲ့။ တစိမ်းတရံ တယောက်နဲ့ ခရီးသွားရမှာမို့ စိတ်တို့တောင် ပိုညီးညူသွားမိပေမဲ့ သူ့မှာ ငြင်းခွင့်မရှိပါ.

🌾🍂Autumn Lover🌾🍂Where stories live. Discover now