🌾가을 연인-장 6🌾

782 208 27
                                    

လူနာကားသံတို့ကား ဖြစ်ပေါ်နေသော အခြေအနေနှင့် လိုက်ဖက်ညီစွာပင် ဆူညံ ပွက်လောရိုက်လျက်.

အုတ်ကျိုး အုတ်ပဲ့ တို့ကြားထဲက ထွက်လာသော လူတို့ကား မြင်မကောင်းလောက်အောင်ပင် ဒဏ်ရာ အများအပြား.

'X ထွက်လာပြီ! '

အဆင်သင့်စောင့်နေသော လူနာတင်ယာဉ်နှင့် ဆရာဝန်အဖွဲ့က မေ့မြောနေသော X ကို တင်ကာ ခပ်သုတ်သုတ် ထွက်သွားချေသည်.

ဘယ်ဘက် လက်မောင်းရင်းက စလို့ သွေးအလိမ်းလိမ်းနဲ့ သွေးတို့နဲ့ စေးကပ်နေသော ဦးခေါင်းထက်က ဒဏ်ရာကလည်း မြင်မကောင်း. ဒဏ်ရာကြီးကြီးမားမားရထားသော X ကို ကြည့်ပြီး Baek နေရာမှာတင် မလှုပ်မယှက်.
မကြာ. မြင်ကွင်းမှ ပျောက်သွားသော လူနာတင်ကားကို သာကြည့်ရင်း မျက်ဝန်းအစုံက ဝေဝါးလာခဲ့သည်.

Baek နဲ့ ပတ်သတ်တိုင်း ခုလိုတွေ ဖြစ်နေကြရတာ.
Baek ကြောင့်.
Baek ကြောင့် မို့လို့သာ. .

ပြည့်လျှမ်းလာသော မျက်ဝန်းအစုံတို့ကို မှိတ်ချလိုက်တော့ မျက်ရည်အိုင် တို့က ပါးထက် စီးဆင်းလျက်.
ထိုနေရာသည်လည်း ဖုန်မှုန့် . အဆောက်အဦး အပြိုအလဲ တို့နှင့် ပျက်စီးမှု့တို့က တောင်လို ပုံလျက်.

တကိုယ်တည်း ပြိုလဲ ပျက်စီးနေခဲ့သော ကောင်လေးတယောက်သည်လည်း ထိုနေရာတင် မလှုပ်မယှက်. .
  

              🌾가을 연인 🌾

ရက်သတ္တပတ် ကြာတဲ့ အထိ X ရောက်မလာခဲ့သလို Sehun ရဲ့ အရိပ်အယောင်လည်း မတွေ့ရ.

ဖုန်းဆက်ချင်မိပေမဲ့ ကိုယ့် အပြစ်ရှိနေသလို ခံစားရတာကြောင့်လည်း မဝံ့မရဲ.
အိမ်တော်က လူတွေကလည်း ဖြေမဲ့ ပုံ မရှိ.

Suho တောင် မတွေ့ရတာကြာပြီမို့ အခြေအနေက ဘယ်လောက်ကြီးနေမှန်းတော့ ရိပ်စားမိပါသည်.
တကယ်ဆို X က ထိုသို့ကိစ္စရပ်တွေကို ကိုယ်တိုင်ကိုယ်ကျ မလုပ်တော့တာ ကြာပြီဖြစ်သည်.
ထိုနေ့က Baekhyun ဝင်သွားခဲ့သည်ဟုသော သတင်းကြောင့် အားလုံး ဝိုင်းတားခဲ့သည်ကြားက ဝင်လာခဲ့တာဖြစ်သည်.

'အကိုလေး ရောက်ပြီလား. '

အိမ်ရှေ့ခန်းမှ အသံကြောင့် ဝရန်တာထွက်ပြီး ဂျုံပန်းခင်းကို ငေးကြည့်နေသော Baek တယောက် ဧည့်ခန်းသို့ ပြေးထွက်လာခဲ့သည်.

Has llegado al final de las partes publicadas.

⏰ Última actualización: May 01, 2019 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

🌾🍂Autumn Lover🌾🍂Donde viven las historias. Descúbrelo ahora