Baek မျက်မှောင်တို့က ကျိုးကြေနေသော ပန်းလေးတို့ကို ကြည့်ပြီး တဖြည်းဖြည်း တွန့်ချိုးလာခဲ့သည်…
အနှီလူသားကတော့ ရှေ့တည့်တည့် မှာပင် ရပ်ကာ ယခုထက်ထိ ပြုံးနေဆဲ…
ညနေ လေနုအေးကား Baek ဆံပင် ပျော့ပျော့တွေကို ရှုပ်ထွေးအောင် ထိုးဖွနေလေရဲ့။ Baek ကတော့ မျက်မှောင် ခပ်ကုပ်ကုပ် ကျုတ်ကာ… …
'ဒီမှာ. အ့ဒီ ပန်းလေးပေါ်က ခြေထောက်လေး နည်းနည်း ရုတ်ပေးပါလား. ပန်းခင်းထဲရောက်ရင် ပန်းတွေကို တက်မနင်းမိအောင် သတိထားရမယ်ဆိုတာ မသိဘူးလား.common sense လေးတောင် မရှိဘူး. '
'မသိဘူး. သိရအောင်လည်း ပန်းစိုက်စားနေတဲ့ သူ မဟုတ်ဘူး. '
'ဘာ!'
ခပ်စူးစူး Baek အော်သံသည် နေဝင်ဆည်းဆာအောက် ဟိန်းထွက်လာသည်. ထိုလူကတော့ မဲ့ပြုံးတချက် ပြုံးကာ Baek ရှေ့က လှည့်ထွက်သွားသည်.
Baek စိုက်ကြည့်နေဆဲပင် ထို ကိုလူချောထံမှ စက္ကူရွက် တချို့ တော်တော်များများ လွင့်ပျံလာသည်.သေချာကြည့်လိုက်တော့ စက္ကူရွက်မဟုတ်ပဲ ပိုက်ဆံ အရွက်များ…
'တောက်! လူပါးဝ လိုက်တာ. ပိုက်ဆံ ရှိရင် အရာအားလုံး ဖြစ်နိုင်တယ် မှတ်နေလား မသိ'
Baek ထိုပိုက်ဆံများကို တရွက်မကျန် လိုက်ကောက်လိုက်ပြီး ထိုလူသားနဲ့ တကွေ့ကွေ့ ပြန်တွေ့ပါက သူ့မျက်နှာကို ပိုက်ဆံနဲ့ ပြန်ပစ်ပေါက်မည်ဟု တေးထားလိုက်သည်.
ပန်းခင်းလေးထဲက ထွက်လာတော့ စောစောက လူကို လာခေါ်ဟန် ရှိသော ကားအနက်တစီး ထွက်သွားတာကို တွေ့လိုက်ရသည်.
ဂျုံပန်းခင်းနဲ့ မလှမ်းမဝေးမှာတော့ ကားအဖြူ တစီးက အငွေ့တလူလူ ထွက်ကာ သစ်ပင်တပင်ကို ဝင်အောင်းတော့ မတတ်.
Baek ကြည့်နေစဉ်ပဲ မကြာ. All black တူညီဝတ်စုံ ဝတ်ထားသော လူတစု ရောက်လာပြီး ထိုကားမှ တံခါးတချပ် ဖွင့်ကာ တစုံတခု ရှာဖွေနေဟန်တူသည်.ပြီးတော့ ထိုသူများပြန်ထွက်လာချိန်မှာ အသက်မဝင်တော့သော ချိန်ကိုက်ဗုံးတလုံး.
'ဗုံး…. ကားဗုံး… ဒါ ဘယ်လို အခြေအနေမျိုးလဲ။ '
ထိုသို့သော မြင်ကွင်းမျိုးနဲ့ Baek မစိမ်းတာမို့ မြင်ယုံနဲ့ပင် အ တပ် သိလိုက်သည်.
ထို ကားဖြူလေးသည်လည်း ကရိန်းကား ခပ်ကြီးကြီး လာရောက်ဆွဲသွားပြီးနောက် အရာအားလုံးက မူလအတိုင်း ငြိမ်သက်လျက်.