🌾가을 연인-장 1🌾

2.6K 315 28
                                    

ဆောင်းဦးပေါက် မနက်ခင်းတွေက ကျွန်တော့ အတွက်ကတော့ အေးစက်မနေပဲ လန်းလန်းဆန်းဆန်း နဲ့ နေသာထိုင်သာ ရှိလှသည်.
ဆောင်းရာသီဆို ရေခဲထုထည်ကြီးမားမတတ် အေးတဲ့ ကျွန်တော်တို့ နိုင်ငံမှာ ဆောင်းဦးပေါက်လေး ဆိုတာနေလို့ ထိုင်လို့ အဆင်ပြေတဲ့ ကာလလေးပါ.

Baek တယောက် အလင်းရောင် ထွက်မလာသေးတဲ့ ခပ်မှုန်ပြပြ အိမ်အပြင်ဘက်ကို ငေးကြည့်လိုက်ပြီး စဥ့်အိုး ထဲက ရေတခွက်ကို ပလတ်စတစ်ခွက် နဲ့ ခပ်လို့ မျက်နှာသစ်. သွားတိုက်လိုက်သည်.
ကိုယ်လက် သန့်စင်ခြင်း ကိစ္စပြီးတော့မှ
ခပ်သေးသေး မီးဖိုခန်းလေးထဲ ဝင်ပြီး နေ့စဉ်စားနေကြ ထမင်းနဲ့ အရွက်ကြော် ပူပူနွေးနွေး ကို မနက်စာအဖြစ် စားသုံးလိုက်လေရဲ့ .

အိပ်ရာထတည်းက ထမင်းပေါင်းအိုးလေး တလုံးတည်ထားတာမို့ စားမဲ့ အချိန်နဲ့ ကွက်တိ. အရွက်ကြော်ကတော့ အဆင်ပြေသည့် ဟာကို အမြန်ကြော်လိုက်တာနဲ့ပင် ပြီးသွားသည်. အားလုံးစားသောက်ပြီးတော့မှ နွားနို့ပူပူ တခွက်ရယ်. ပေါင်မုန့်လေး တချပ်ရယ်ကို မီးကင်ပြီး စားပွဲပေါ် အုပ်ဆောင်းနဲ့ အုပ်လိုက်သည်.

အသေးစား ရေခဲသေတ္တာထဲက နွားနို့ဗူးကား ဗလာကျင်းလုလု.
နွားနို့ ဝယ်ရန် တေးမှတ်ပြီး အိမ်အပြင်ထွက်လာတော့ ခပ်အေးအေး အထိအတွေ့ တို့က ခန္ဓာကိုယ်ဆီ ဖြန်းခနဲ.

အိမ်ထောင့်က စက်ဘီးလေးကို ထုတ်ပြီး နှင်းမှုန်ဖွဲဖွဲ ကြားထဲ နင်း ထွက်လာခဲ့သည်.

အလင်းရောင် ခပ်ပြပြ အောက်မှာ မြင်ရသော ဂျုံပန်းခင်းကား ရှု့မငြီးဖွယ်ရာ အတိပြီးသည်. Baek နင်းသော စက်ဘီးလေးက ထိုပန်းခင်းကြီးရှေ့က ခပ်သွက်သွက် နင်းဖြတ်ရင်း...

'ဂျုံပန်းလေးတွေတောင် ပွင့်နေပါကောလားးးး'

ခပ်တိုးတိုး ရေ ရွတ်လိုက်ရင်း ပြုံးကာ ဆက်နင်းလာခဲ့သည်.
ထို့နောက် 'Borinara Hagwon farmland' ဟူသော ဆိုင်းဘုတ်ကို ကျော်ကာ လမ်းမကြီး ထက်သို့...

ဒါ Baek ဟုခေါ်သော
Byun Baekhyun ရဲ့ တနေ့တာ အစဖြစ်သည်. သူနေသော Borinara farmland ထဲက မနက်စောစောဆို ထွက်ကာ Gochang အနီးတဝိုက်ကို မနက်စောစော သတင်းစာပို့သည်.
သတင်းစာပို့ပြီးလျှင် သစ်သီးကားကို Borinara ထဲထိ ပြန်လည်မောင်းပို့ပြီးကာမှ ကျောင်းသွားဖို့ ပြင်သည်.

🌾🍂Autumn Lover🌾🍂Onde histórias criam vida. Descubra agora