🌾가을 연인-장 4🌾

1.1K 255 21
                                    

'ဘာလို့ Baek ကို ဒီခေါ်ထားခဲ့ရတာလဲ'

နေဝင်ဆည်းဆာ ပက်ဖျန်းထားခြင်းကြောင့် Baek ပါးပြင်တဝိုက်က ပန်းနုရောင်ဖျော့ဖျော့ လေးသန်းနေသေးသည်.

'ရှင်းပြစရာ အကြောင်းအရင်း လိုအပ်လို့လား'

ပန်းခင်းကို ကြည့်နေသော Baek မျက်ဝန်းတို့သည် ဖျပ်ခနဲ 'X' ဆိုသော လူထံ ရောက်လာသည်.

'မလိုအပ်တာတွေ မသိချင်ပါနဲ့။ အရာတိုင်းက သိတိုင်း ကောင်းနေတာမျိုး မဟုတ်ဘူး. ဒီလောင်းရိပ်အောက်က ထွက်သွားဖို့ လုံးဝစိတ်မကူးပါနဲ့။ ကိုယ့် ရင်ခွင်လောင်းရိပ်အောက်ကနေ ထွက်တာနဲ့ ဟောဟိုက ဂျုံပန်းလေး ကို တွေ့လား. အ့လို ဖြစ်သွားလိမ့်မယ်. '

X က ခပ်ဝေးဝေးမှ နွမ်းလျစ ပြုနေသော ပန်းလေးကို ထိုးပြသည်.
ထို့နောက် Baek နားက တရွေ့ရွေ့ကျောခိုင်း ထွက်ခွာလေသည်.
Baek ကား ထိုသူ့ ကျောပြင်ကို ငေးကြည့်ရင်း.

'ခင်များကို ဘယ်လိုနားလည်ရမလဲ။  ဘယ်လိုမျိုး နားလည်ပေးရပါ့မလဲ'

နေဝင်ခဲ့ပြန်ပြီ။
ယခုထက်ထိ ဂျုံပန်းခင်း အရှေ့ Baek တယောက်တည်းးးးးးး.
 

              🌾가을 연인 🌾

'မလိုက်ခဲ့နဲ့တော့လေ. Baek ကျောင်းရုံးခန်း က ဆရာဆီ ခနဝင်ပြီး ပြန်လာခဲ့လိုက်မယ်. '

ယခုထိ အင်တင်တင် လုပ်နေသော အနက်ဝတ် bodyguards နှစ်ယောက်ကား မလှုပ်မယှက်. သူတို့ ဘာမှ ပြန်မပြောနိုင်ခင် အလင်းရဲ့ အမြန်နှုန်းကဲ့သို့ Baek ကျောင်းရုံးခန်းဆီထွက်လာခဲ့သည်.

'Sam. '

'ဟော. Baek ဒီနေ့ ကျောင်းလာတာလား. '

'ဟုတ်တယ်. Sam. ကျောင်းက ဘွဲ့လက်မှတ်လာထုတ်တာ. ဘွဲ့တက်မယူဖြစ်မဲ့ အတူတူ လက်မှတ်ပဲ ထုတ်ထားလိုက်တော့မလို့။ '

'ဒီလောက်ကြိုးစားလာပြီးမှ ဘွဲ့တက်ယူသင့်တာပေါ့'

'မယူတော့ပါဘူး Samရယ်. ဒီတိုင်းလည်း အဆင်ပြေပါတယ်.Baek ပြန်ပြီနော် . Sam. '

Sam ကို စကားဖြတ်ပြီး ရုံးခန်းထဲက ထွက်လာတာနဲ့ ရုံးခန်းရှေ့ရောက်နေပြီ bodyguards နှစ်ယောက်.
သက်ပြင်းခပ်လေးလေး ချလိုက်ရင်း

🌾🍂Autumn Lover🌾🍂Where stories live. Discover now