Holding The Man

1.7K 102 5
                                    


ကျွန်မ မရင်းနှီးလိုက်ရတဲ့ အဘိုးလေးကို အညိုရင့်ရောင် အယ်လ်ဘမ် အဟောင်းတွေထဲကနေ ကြည့်ခွင့်ရခဲ့ပါတယ်။

အဘိုးကတော့ ပြောတယ်။

သိပ်ချောတဲ့သူ တဲ့။ ဟုတ်ပါလိမ့်မယ်။

ကျွန်မသဘောအကျဆုံးကတော့ သူရဲ့ မျက်ဆံအိမ် အနက်တွေနဲ့ ချွန်မြမြ မေးရိုး တွေပဲ ဖြစ်ပါတယ်။ အာရှသားဖြစ်တဲ့ အဘိုး နဲ့ အဘိုးလေးတို့ညီအစ်ကိုက ကျွန်မ တစ်သက်လုံး လိုချင်ခဲ့တဲ့ ဆံပင်အနက် နဲ့ မျက်ဆံအိမ် အနက်တွေကို ပိုင်ဆိုင်ထားသူတွေပါ။

အပန်းဖြေခရီး ဆယ်ရက်မှာ ကျွန်မ အတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ရခဲ့ပါတယ်။

ဟဲလ်မီ မှာ ကျွန်မအလုပ်က ဇာတ်ညွှန်းရေးသူပါ။

အပြန်ခရီးမှာတော့ ကျွန်မလက်ထဲမှာ တစ်ချို့စာရွက်တွေ ပိုးကျနေတဲ့ ဒိုင်ယာရီ စာအုပ်တစ်အုပ်နဲ့ ဓာတ်ပုံတစ်ပုံ ပါလာခဲ့တယ်။

ဆေးအမည်းတွေ စွန်းနေတဲ့ ဓာတ်ပုံထဲမှာတော့ ကျွန်မရဲ့ အဘိုးလေးနဲ့အတူ.....

သူ့ရဲ့ နှလုံးသားတစ်ခုလုံးပါ....

ပါရှိနေခဲ့ပါတယ်။

Holding The ManWhere stories live. Discover now