"ချစ်ခင်ရင်းနှီးစွာအတူပူးပေါင်းနေထိုင်မှု"ဆိုတဲ့ လူသားသစ္စာတရားဟာ လူအသိုင်းအဝိုင်းနဲ့ လိင်တူချစ်သူတွေကြားမှာတော့ အလုပ်မဖြစ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ်တွေမှာ ဒီအဆိုမှန်ကြောင်း ကျွန်တော်တို့ဘဝနဲ့ရင်းပြီး သိခဲ့တယ်ပဲဆိုကြပါစို့။ မဲလ်ဘုန်းမှာ တော့ပွင့်လင်းမြင်သာမှုတွေတွေ့နိုင်ပါတယ်။ ဥပမာ မဲလ်ဘုန်းအမျိုးသားတက္ကသိုလ်မှာ လိင်တူချစ်သူ အသင်းအဖွဲ့တွေရှိပြီး ကျောင်းအုပ်တွေကိုယ်တိုင်က ခွင့်ပြုထားတာမျိုး။ ဟုတ်ပါတယ်။ လွန်ခဲ့တဲ့လေးနှစ် ဗော့ရှ်ကိုင်းယားကိုစွန့်ခွာခဲ့ပြီး ကျွန်တော်တို့အခြေချဖြစ်တာက မဲလ်ဘုန်းမှာပါ။ မေဝါး ရဲ့ အဒေါ်ပိုင်တဲ့ Gay Bar တစ်ခုမှာ ကျွန်တော်တို့ ဘဝအသစ်ကိုပြန်စတင်ခဲ့ပါတယ်။ အခက်အခဲတွေရှိခဲ့ပေမဲ့ "ပျော်ရွှင်မှု" ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်ဟာ "ဟန်" ဖြစ်ခဲ့ပြီးတဲ့နောက် တစ်ဘဝစာလုံး အချစ်မှာကျရှုံးဖို့ရာ လုံလောက်သွားခဲ့ပါတယ်။
"ဂျွန်ရစ်ချက်ကလေတန်"
ကျွန်တော့်အရှေ့ ခနော်ခနဲ့ပက်လက်ကုလားထိုင်ပေါ်က သေးသေးရှည်ရှည်လူသား။
ပြဇာတ်အတွက် အဖွဲ့ကဆရာက သူနဲ့တွေ့သင့်သည်ဆိုတော့ သူငယ်ချင်းတွေက စိတ်ရှည်ဖို့မှာကြသည်။ စိတ်ကစဥ့်ကလျား ရောဂါသည် ဖြစ်သော အသက် သုံးဆယ့်သုံးနှစ်အရွယ်ရှိ ရစ်ချက်သည် တစ်ချိန်ကတော့ သိပ်ကိုတော်သည့် ပြဇာတ်ဖန်တီးသူဖြစ်ခဲ့ပါ၏။"ငါ ဒါကိုအသံဖမ်းထားမယ်နော်"
တိတ်အလွတ်ခွေတစ်ခွေကို သူက Recorder စက်ထဲ သွင်းကာ ခလုတ်စနှိပ်လိုက်သည်။ စက်လည်သံက တိုးရှရှပေါ်ထွက်လာ၏။ အလင်းရောင်မှိန်ပြပြအခန်းမှာ သူနှင့် ကျွန်တော်က မျက်နှာချင်းဆိုင်ထိုင်လျက်....ကြားမှာ အညိုရောင် လေးချောင်းထောက်စားပွဲတစ်လုံးနှင့် ထိုပေါ်မှ အသံသွင်းစက်။
"ဘယ်ခုနှစ်မွေးတာလဲ..."
"အော.....Nineteen Thirty One, April 12"
သူ့ကိုကြည့်ကာ..ပြုံး၍
"ဝက်နှစ်ပဲ"
စောစောက မီးငြိနေသော သူ့လက်ထဲက အမွှေးတိုင်ကို မီးမှုတ်လိုက်သည် ။ အငွေ့ဖြူဖြူလေးတွေဆီက လန်းဆန်းသင်းပျံ့သော ရနံ့တစ်မျိုးကိုရလိုက်၏။
YOU ARE READING
Holding The Man
Fanfiction#HunHan #SeLu Holding The Man က Yaoi Drama movie တစ်ခုပါ။ သဘောကျလွန်းလို့ HunHan version ပြန်ပြောင်းပြီးရေးကြည့်တာပါ။ ဖတ်ပြီးသဘောမကျတာမျိုးရှိရင် အခုစာရေးသူရဲ့ အားနည်းမှုပဲ ဖြစ်ပါတယ်။