Holding The Man [Part 1.1:1945]

851 95 21
                                    

"ဂမ်..ဂမ်..ဂမ်...ဂမ်း..ဂမ်း..ဂမ်း......ကပ်..ကပ်..."

စန္ဒယား ခလုတ်တွေဆီမှာ မေဝါး လက်ချောင်းလေးတွေ ပြေးနေသည်။ ပါးစပ်မှလည်း တီးလုံးအသံအလိုက် အနိမ့်အမြင့် အသံပျောက်တွေ လိုက်ဆို၏။ ဂျူးလိယက် ဇာတ်ဝင်ဝတ်ရုံက သူ့ခန္ဓာကိုယ် လှလှမှာ ချပ်ချပ်ရပ်ရပ်။

"အိမ်ကားချပ်ဖွင့်လိုက်ပြီ"

ဆယ်ဟွန်း လိုက်ကာနားကို ပြေးသွားကာ အသာလေးဟပြီး ပွဲကြည့်စင်ကို ကြည့်လိုက်၏။ မရှိ။ ပြီးတဲ့အထိ စောင့်မယ်လို့ သူပြောခဲ့တာပဲ။ ကိစ္စမရှိ။

"ဘန်နီ...စီနီယာ ဘန်နီ.."

ဘေးနားကဖြတ်သွားသော ကျွန်တော့်အချစ်နှင့် အတန်းတူသူငယ်ချင်းက လှည့်ကြည့်လာသည်။

"ဒုတိယနှစ်က လေ...အစ်ကိုတို့အတန်းက လုဟန်..မလာဘူးလား...ကျွန်တော်နဲ့သူက...ပထဝီ အတန်းတူတယ်လေ....အဲ့တာ..."

"အဲ့ဒီတော့ဘာဖြစ်သလဲ။ မတွေ့ရင် မလာလို့ပေါ့"

ရော်.....ဒါလေးမေးတာ..ရန်စွယ်နဲ့ငေါငေါ။
ပခုံးတွန့်လိုက်ပြီး ရှေ့ပြန်ကြည့်လိုက်သည်။ သေချာ၏။ သူမလာ။

"ကလေးတွေ ဒီနားလာ.....မှတ်ထားမယ်။ မင်းတို့ကို လူတွေရယ်ရင်.....သူတို့မလုပ်ရဲလို့ရယ်တာပဲ။ Ok.....ကံကောင်းပါစေ။ ဂျိမ်း....ကားချပ်ဖွင့်။ "
မေဝါး ရဲ့ကျောကို ရင်ခွင်နားဆွဲကပ်ကာ ရင်ကော့ထားလိုက်သည်။ ဇာတ်ကြောင်းပြောသူ၏ အသံထွက်လာသည်။ ကားလိပ်က တဖြည်းဖြည်းပွင့်၏။

"အိမ်ထောင်စု နှစ်ခုရှိပါတယ်။ နှစ်ခုလုံး ဂုဏ်သရေ ရှိတဲ့ အိမ်တွေပါ။ ဗဲဗရိုနာ မှာရှိတယ်။ ကျွန်တော်တို့ပြကွက်က..အဲ့ဒီနေရာက နေ စခဲ့ပါတယ်

- Holding The Man -


ကျွန်တော့အချစ်မပါပဲ ဖြတ်သန်းခဲ့ရသော ထိုရက်သတ္တပတ်ဟာ...သိပ်ကို ပျင်းစရာကောင်းလွန်းပါသည်။

မနက်ခင်းကျောင်းချိန်ကတော့ ဗရုတ်ကျသော ကျောင်းသားလေးများအကြောင်း သင်ကြားဖူးသလိုပါပဲ။
ပေါက်ကရလေးဆယ် ပါးစပ်အရသာခံကြသမျှ နားရှက်စရာတွေလည်းပါသည်။

Holding The ManTempat cerita menjadi hidup. Temukan sekarang