ဘာလို့မှန်းမသိပေမဲ့ "အမျိုးသား သိပ္ပံ ကျောင်း" တို့ "ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ် " ဆိုသော စကားလုံးတွေကို ကျွန်တော် သဘောကျ၏ ။ နည်းနည်း ဂန္တဝင် ဆန်တာမျိုးမို့လည်း ဖြစ်မည် ထင်၏။ "ဗော့ရှ်ကိုင်းယား အမျိုးသားသိပ္ပံကျောင်း " က ကတ်သလစ် ဘုန်းတော် ကြီးတွေ ဦးစီးပြီးဖွင့်သည့်ကျောင်း။ ကျောင်းအုပ်က ဖာသာ သောမတ်စ်။ သူက ကျွန်တော်တို့ အထက်တန်း ပထမနှစ်က ပထဝီဆရာ။ ဒုတိယနှစ် ကျောင်းသူကျောင်းသားတွေနှင့်တွဲ၍ " ကမ္ဘာ့ပြတ်ရွေ့ကြောကြီးများ " အကြောင်း စာတမ်းပြုစုရသောအခါ ကျွန်တော့်အချစ်နှင့် တွေ့ဆုံခဲ့ရတာ ဖြစ်၏။
ဆစ်ဒနီရဲ့ ပြည်နယ်စီရင်စုထဲက ဗော့ရှ်ကိုင်းယားက မဲလ်ဘုန်း တောင်ပိုင်း မှာရှိသည့် မြို့ငယ်လေးတစ်ခုသာဖြစ်သည်။ ချောင်းသွယ်တွေ ပေါသည်။သြစတြီးယား၏ ကျေးလက်ဆန်သော အငွေ့အသက်ကို အပြည့်အဝရနိုင်သော ပြည်နယ်မျိုး။
ပြီးတော့........ပိုမို ရှေးကျတဲ့ အတွေးအခေါ်တွေ ဝေဝေဆာဆာ အုပ်ဆိုင်းနေသေးတာမျိုး။
မနက်ပိုင်း ဝတ်ပြုချိန်အမှီ ကျောင်းကိုရောက်လာဖို့ အသည်းအသန်ကြိုးစားရသည်။ အဖေက ဗုဒ္ဓဘာသာဝင် ဖြစ်ပေမဲ့ နယ်မြေအနေအထားအရ ကျွန်တော်က ကတ်သလစ် ဘာသာဝင်ဖြစ်လာခဲ့သည်။ ကျွန်တော်နှင့် ကျွန်တော့်အချစ်က တော်တော်များများ ပုံစံချင်းတူ၏။ အင်း...တကယ် တော်တော် များများပေါ့။ မတူတာက အချစ်တို့ အိမ်ရဲ့ မိသားစုပုံစံက ကျွန်တော်တို့ထက် ပိုတင်းကြပ်သော စည်းကမ်းတွေနှင့်။
ဥပမာ......ထမင်းစားချိန် ဖုန်းဝင်လာရင် မကြိုက်တာမျိုး။ မကိုင်စေတာမျိုး။ အဆိုးဆုံးက စကားပြောနေရင်း ချပစ်ခိုင်းတာမျိုး။ သေချာသည် အချစ်နေရာမှာ ကျွန်တော်သာဆို ပုန်ကန်မှု အသေးစားလေးဖြစ်ပွားသွားနိုင်သည်။ ဒါပေမဲ့ ကျွန်တော့်အချစ်က လူလိမ္မာ။ သူနှင့်ကျွန်တော် စကားပြောနေရင်း သူ့ဒယ်ဒီက "ညည့်နက်နေပြီ အိပ်တော့" ဆိုတဲ့အသံကြားတာနှင့် အထွန့်မတက်ပဲ ချက်ချင်းပင် ဖုန်းချပစ်တတ်၏။
ထားတော့။ သူနှင့် ချစ်သူဖြစ်မှ ဒီအကြောင်းတွေ မကြိုက်ခဲ့ကြောင်း သေချာပြန်ပြောပြပါဦးမည်။
YOU ARE READING
Holding The Man
Fanfiction#HunHan #SeLu Holding The Man က Yaoi Drama movie တစ်ခုပါ။ သဘောကျလွန်းလို့ HunHan version ပြန်ပြောင်းပြီးရေးကြည့်တာပါ။ ဖတ်ပြီးသဘောမကျတာမျိုးရှိရင် အခုစာရေးသူရဲ့ အားနည်းမှုပဲ ဖြစ်ပါတယ်။