Holding The Man [ Part 2.1:1947]

726 80 13
                                    

"စပျစ်သီးယို ကြိုက်သလား"

စားပွဲဟိုဘက်ဆီမှ လှမ်းပေးသော ကြိမ်ခြင်း။ အထဲမှာ စီထည့်ထားသော ပေါင်မုန့်အလွတ် ဖြူဖြူတွေနှင့် ခရမ်းညိုရောင် စိုရွှင်းရွှင်း သပျစ်သီးယို။

"ကျေးဇူးတင်ပါတယ် မစ္စ"

ဆယ်ဟွန်းလှမ်းယူလိုက်ပြီး ဘေးနားမှာ ချထားလိုက်သည်။

"မနက်စာ ဖိတ်ကျွေးရတာ နည်းနည်းတော့ တစ်မျိုးဖြစ်နေမှာပဲ..."

ကျွန်တော့်ဘေးမှာ ထိုင်နေသော ဟန် ရဲ့ အဖေက စကားစသည်။ ခက်ရင်းကိုကောက်ကိုင်ရင်း ပြုံးလိုက်မိ၏။ ယမန်နေ့ညက အချစ်တို့ အိမ်ကနေ ဖုန်းလက်ခံရရှိသည်။ မနက်စာ လာစားဖို့။ အကြောင်းပြချက်ကတော့ ရိုးရှင်းပါသည်။ အချစ်၏ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သောကြောင့် ပါတဲ့။ တစ်ချိန်မှာတော်လာရမည့် အနာဂတ်၏ ယောက္ခမလောင်းတွေနှင့် ပထမဆုံးတွေ့ဆုံပွဲအတွက် သူ ညရှစ်နာရီအထိ အင်္ကျီထိုင်ရွေးခဲ့ရပြီး မနက်သုံးနာရီကတည်းက နိုးနေကြောင်းကတော့ နောင်တစ်ချိန်သူနှင့်ကျွန်တော် ရလာမည့် သားသမီးတွေအတွက် ပြန်ပြောစရာ ရယ်မောဖွယ် အချစ်ဇာတ်လမ်းလေးဖြစ်မှာသေချာပါ၏။

မင်းဖိုးဖိုးတွေနဲ့ ပထမဆုံးအကြိမ်တွေ့တုန်းကပေါ့...ဟု အစချီရမည်လား.....။ အင်း....ဖြစ်နိုင်ပါသည်။ ကျွန်တော်က သိပ်ပြီး စကားပလ္လင်မှ မခံတတ်တာ။

"ဟန် က တော်ရုံခင်တာမျိုးနဲ့ ဖက်လှဲတကင်းပေါင်းတာမျိုးမရှိဘူး။ မင်းနဲ့ သူငယ်ချင်းဖြစ်ပြီးတဲ့နောက်....ဟန်က... ပြောင်းလဲလာတယ်။"

"ပုံမှန်ထက် ခဏခဏပိုပြုံးတတ်လာတာလေး ထည့်ပြော"

ကော်ဖီခွက်ကိုချရင်း အချစ်ရဲ့အမေက ဝင်ပြောတော့ ကျွန်တော့်တစ်ခုံကျော် မျက်စောင်းထိုးက အချစ်ရဲ့မျက်နှာလေး ပန်းသွေးရောင် စွေးသွားသည်။

"အန်တီတို့ တကယ်ကျေးဇူးတင်နေတာပါ။ အခုဆို..ဟန်က သူ့ကျောင်းသားဘဝကို အန်တီတို့နဲ့အတူ မျှဝေတတ်လာပြီလေ...တစ်ဦးတည်းသော သားမို့...အထီးကျန်မှာစိုးနေခဲ့တာ....တကယ်လည်း အဲ့ဒီလိုခံစားခဲ့ရမှာပါပဲ..."

Holding The ManWhere stories live. Discover now