Holding The Man [Part 1:1945]

1.1K 107 15
                                    

အချစ်ဟာ ဘာလဲလို့မေးရင် သူ့ မျက်တောင်လေးတွေ လို့ဖြေမိမည်လားကျွန်တော်မသိ။ အတွေးက နည်းနည်းအမြင်ကတ်စရာကောင်းတယ်လို့ ထင်ပေမဲ့.....အဲ့ဒါအမှန်ပဲ ဖြစ်၏။ အဲ့ဒီကစမည်ထင်သည်။ သူ့နဲ့ပတ်သက်သော ကျွန်တော့် ချစ်ခြင်းမေတ္တာက အမြင်ကတ်ချင်စရာကောင်းလှသည်ဆိုတာမျိုး။

................

"ဒီ့ထက်ပို ဝမ်းနည်းလို့မရဘူးလား။ မင်းက ပဲရစ်။ သူမက ဂျူးလိယက်။ မင်းဘဝတစ်ခုလုံးနဲ့ ပုံပြီး ချစ်တဲ့ ချစ်သူ..သေသွားတာလေ။မင်းရဲ့ ဘတ်စ်ကား လက်မှတ်ပျောက်သွားတာ မဟုတ်ဘူး။"

ကျောက်ကုတင်ထက်ကနေ စပ်ဖြဲဖြဲ မော့ရယ်ပြနေတဲ့ မေဝါး ကို ကြည့်ပြီး လက်ထဲက နှင်းဆီ နှစ်ပွင့်ကို ပိုမိုဖိဆုပ်လိုက်မိသည်။ စင်အောက်က အကဲဖြတ်ဆရာတွေက ဖြဲခြောက်မပြပေမဲ့ သူ့ဒူးတွေ ချောင်နေတာ သူသာသိ၏။

"မင်းရည်းစားသေသွားတာလို့တွေး။ အေးစက်နေတဲ့ ကျောက်ကုတင်ပေါ်မှာနော်။ သွေးမရှိတော့တဲ့ မျက်နှာနဲ့ သနားစရာမိန်းကလေး။ သူမနာမည်ကဘယ်သူလဲ။"

"ကျွန်တော့်မှာ ရည်းစားမရှိဘူးဆရာ။"

မေဝါးက သိနေတယ် ဆိုသော အကြည့်ဖြင့် မော့ကြည့်လာပြန်သည်။

"နင့်ဟာနင် ပြန်အိပ်နေစမ်းပါ။"

ဆရာ ပါးလ် က ပြောစရာ မရှိတော့သလို ပခုံးတွန့်လိုက်ပြီး

"ချစ်နေတဲ့သူရောမရှိဘူးလား...."

"ထပ်ကြိုးစားကြည့်ပါ့မယ်ဆရာ..."

မှိတ်ချလိုက်သော မျက်ဝန်းတွေမှာ လေထဲလွင့်နေသော ဆံနွယ် တိုတိုနက်နက်တွေ ပေါ်လာသည်။ နှလုံးသွေးထဲအထိ နွေးသွားစေသည့် အပြုံးတွေနှင့်.........။

"ငါ့ရဲ့ မျက်ရည်တွေ......

ငိုကြွေးသံနဲ့အတူ...ထိန်းမရ ကျလာတယ်။........"

ဘောလုံးကွင်းထဲ ပြေးလွှားနေသည့် သူ့ပုံက ကျွန်တော့်စိတ်ကွန်ရက်ထဲမှာ.......

Holding The ManWhere stories live. Discover now