ရုတ်တရက်အမှောင်ကျသွားလို့
မိန်းကလေးတွေအော်တာကို
Johnny နဲ့ Timmy
ကြားလိုက်ရတယ်။''အာ...Johnny ကျေးဇူးပြုပြီး
မသွားလိုက်ပါနဲ့ ကျွန်တော်
အမှောင်ကြောက်လို့ပါ'' Timmy က
တုန်တုန်ယင်ယင်ပြောလိုက်တယ်။''ငလျှင်လှုပ်တာလို့ထင်တယ်
ခင်ဗျားတုန်သွားတယ်နော်.. ကျွန်တော်မသွားပါဘူး'' Johnnyကပြန်ဖြေတယ်။''ဘာဖြစ်တာလဲ'' ပွဲကိုဦးဆောင်သူ
Maria ကမေးတယ်။''လျှပ်စစ်ဓာတ်အား ခဏပြတ်သွားတာထင်တယ် အစ်မ
Bouncer သွားကြည့်နေတယ်''
ဘားဝန်ဆောင်မှုပေးသူက ပြန်ဖြေတယ်။
(Bouncer ဘား၊ ကလပ်၊ စားသောက်ဆိုင် စသည်တို့တွင်
လူရမ်းကားများကို
ဆွဲထုတ်ရန်ငှားထားသူ)မိနစ်အနည်းငယ်ကြာတော့
မီးပြန်လာတယ်။'' Ladies and gentelmen တို့
ပါတီပြီးသွားကြောင်း ကြေငြာပါတယ်
လက်ဆောင်တွေအတွက်
သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်
အကသမားတွေနဲ့ ဘားပိုင်ရှင်ကိုလဲ
ကျေးဇူးတင်ပါတယ် မနက်၂နာရီတောင်ရှိနေပြီဆိုတော့
နားလိုက်ကြရအောင်''လူတိုင်းကလက်ခုပ်တီးလိုက်ကြတယ်။
Chole က Johnny ကို အကဲခတ်နေတဲ့အချိန်မှာပဲ Chole နဲ့ Timmy က သူတို့ကားဆီ လျှောက်လာကြတယ်။
''ဟေ့ Mr.Dancer!'' သူမက
အော်လိုက်တယ်။''ကျွန်တော်လား'' Johnny ပြန်ဖြေတယ်။
''ဟုတ်တယ် ရှင့်ကိုပြောတာ ဒီကိုလာပါဦး''
Johnny , Chole ဆီ လျှောက်လာတဲ့အချိန် Timmy က ကားဖွင့်ဖို့နဲ့ ဖုန်းနဲ့ ရှုပ်နေတယ်။
''ကျွန်မရဲ့ Dare မှာ ရှင်လုပ်သွားတာ ကြိုက်လို့ ကျေးဇူးပြုပြီး ဒါကိုယူပါ''
သူမက ယွမ်၁၀၀၀ ကမ်းပေးတယ်။''မယူပါဘူး ကျေးဇူးပါအစ်မ အဲ့ဒါGameပဲလေ ကျွန်တော်မနက်ဖြန်အလုပ်ကို မူးပြီးမသွားချင်လို့ Dareကိုရွေးလိုက်တာပါ'' Johnny က ရိုးရိုးသားသားနဲ့ငြင်းလိုက်တယ်။
YOU ARE READING
Fire, Ice and Everything Nice(မြန်မာဘာသာပြန်)
FanfictionCredit to SweetestSin1314 ၂၁အရွယ် မီလျှံနာလေး Timmy ရယ်... အလုပ်၃ခုလုပ်ပြီး ဘ၀ကိုကြိုးစားနေနေရတဲ့ Johnny ရယ်.... ဘာသာပြန်အရည်အချင်းကြောင့် ဖတ်ရတာအဆင်မပြေတာများရှိလာခဲ့ရင် ကြိုပြီးအားနာပါတယ်ရှင် May(Shangyin)