''အားလုံးလာကြ နေ့လယ်စာ
စားချိန်ရောက်ပြီ'' အဖွားကအော်
လိုက်တယ်။ကျွန်တော့်အမျိုးတွေအားလုံး
ထမင်းစားခန်းထဲကိုဆင်းလာ
ကြတော့ ကျွန်တော်သူတို့ကို
ကြည့်လိုက်တယ်။''မင်း ငါတို့နဲ့အတူတူမစား
ဘူးလား?'' ကျွန်တော့်အဒေါ်က
မေးတယ်။''စားချင်ပါတယ် ဒါပေမယ့်
ကျွန်တော့်ချစ်သူကအိပ်နေတုန်း''''ဘာလို့ပြင်ဆင်ပြီး အပေါ်ကို
သယ်မသွားတာလဲသားလေးရဲ့
နေ့လယ်စာအတူစားကြလေ
မေမေတို့ကကိစ္စမရှိဘူး''
ကျွန်တော့်အမေကပြောတယ်။''ဟုတ်သားပဲ အကြံပေးတဲ့
အတွက်ကျေးဇူးပါမေမေ''
ကျွန်တော်မေမေ့ကိုနမ်းလိုက်
တယ်။မီးဖိုချောင်ထဲသွားလိုက်ပြီး
စားစရာအချို့ပြင်လိုက်တယ်။
ကြက်သားဟင်း၊ စွပ်ပြုတ်၊
အသီးအနှံ၊ ချောကလက်နဲ့
ကျွန်တော်သယ်သွားနိုင်သမျှ
ကိုဗန်းထဲထည့်လိုက်တယ်။
အပိုထမင်းလဲနှစ်ယောက်စာ
ယူလိုက်တယ်။''မင်း သူ့အတွက်တကယ်ကြီး
နေ့လယ်စာပြင်ပေးတာလား?''
ကျွန်တော့်ဝမ်းကွဲHenryက
မေးတယ်။''ဟုတ်တယ်လေ ဘာဖြစ်လို့လဲ''
''မရှိပါဘူး တစ်ခုပဲ
မင်းအရင်ကဘယ်သူ့အတွက်မှ
မပြင်ပေးဖူးဘူးနော် မင်းအမေက
လွဲလို့ပေါ့''''အင်း အဲ့ဒါကဘာမှမပြောင်း
လဲပါဘူး ငါတို့ကမကြာခင်
လက်ထပ်တော့မှာပဲ
အဲ့ဒီတော့ ဒီလိုပြင်ပေး
တာကောင်းတာပေါ့''
ကျွန်တော်ပြုံးပြလိုက်တယ်။''Okayလေ မင်းပြောတဲ့အတိုင်း
ပဲပေါ့ Congrats Bro,
ကျွန်တော်ထမင်းစားခန်းထဲပြန်
သွားတော့မယ်''
သူကပြောပြီးထွက်သွားတယ်။ကျွန်တော်ကစားစရာတွေကို
ဗန်းအပြည့်သယ်သွားတဲ့
အချိန် နာနီLeonaက
ကျွန်တော်တို့အတွက်
သောက်စရာတွေသယ်
လာပေးတယ်။ တံခါးဖွင့်လိုက်
တော့သူကအိပ်နေတုန်းပဲ။
နာနီLeonaကို သောက်စရာ
တွေကိုစားပွဲပေါ်ချထားခဲ့ဖို့ ပြောလိုက်တယ်။ သူမကို
ကျွန်တော်ကျေးဇူးတင်လိုက်
တော့ ကျွန်တော်တို့နှစ်ယောက်
ကိုထားပြီးထွက်သွားတယ်။
YOU ARE READING
Fire, Ice and Everything Nice(မြန်မာဘာသာပြန်)
FanfictionCredit to SweetestSin1314 ၂၁အရွယ် မီလျှံနာလေး Timmy ရယ်... အလုပ်၃ခုလုပ်ပြီး ဘ၀ကိုကြိုးစားနေနေရတဲ့ Johnny ရယ်.... ဘာသာပြန်အရည်အချင်းကြောင့် ဖတ်ရတာအဆင်မပြေတာများရှိလာခဲ့ရင် ကြိုပြီးအားနာပါတယ်ရှင် May(Shangyin)