''ကိုယ်ကြားတာကို ချစ်ရော
ကြားလိုက်လား''''အင်း ကြားလိုက်တယ် ဘုရားရေ!
သတင်းထောက်တွေလားမသိ
ဒါမှမဟုတ် ကွင်းဆက်လူသတ်
သမားများလား ဟို...တောရိုင်း
တိရစ္ဆာန်တစ်ကောင်ကောင်
ဖြစ်နေမလား'' Timmyက
စိတ်ရှုပ်စွာပြောတယ်။''ဒီမှာတော့ တောရိုင်းတိရစ္ဆာန်
ရှိမှာမဟုတ်ဘူး လူသတ်သမားနဲ့
သတင်းထောက်ကိုပဲစိတ်ပူရမှာ
မစိုးရိမ်နဲ့ ချစ် Denmark ရဲ့
လုံခြုံရေးအဖွဲ့ရှိနေသေးတယ်''''ဘယ်သူဖြစ်နိုင်လဲ''
အသံထပ်ကြားရပြန်တယ်။''ငါထင်တာတော့ အဲ့ဒီချုံပုတ်
ထဲကကြားရတာပဲ''ကျွန်တော်ချုံပုတ်ဆီသွားကြည့်
လိုက်တော့ မြင်လိုက်ရတာက
မယုံကြည်နိုင်စရာ။''ဘာတွေ့ရလဲ ကိုရေ , ပြန်မဖြေ
ရင် အကျယ်ကြီးအော်ပလိုက်မှာ
နော်''''Babyရေ ဒီကိုလာကြည့်ပါဦး''
ကျွန်တော်စိတ်လှုပ်ရှားစွာအော်
မိတယ်။''မြေကြီးပေါ်ကဘာကြီးလဲ''
သူပါးစပ်ဟောင်းလောင်းဖြစ်
သွားပါလေရော။'' ဒီလိုချစ်စရာကောင်းတဲ့ကလေး
လေးတွေကို ဘယ်သူကများပစ်
သွားပါလိမ့်'' ကလေးက၂ယောက်
၁နှစ်၂နှစ်လောက်ပဲရှိဦးမယ်။''ကြည့်ရတာ သူတို့မိဘတွေက
ပစ်သွားတာပဲဖြစ်မယ်'' ကျွန်တော်
ပြန်ဖြေလိုက်တယ်။''ကလေးတွေကိုသေချာကြည့်
ကြည့်ပါဦး ကိုနဲ့တူသလိုပဲ ''
Timmyက ကလေးတွေကို
ပွတ်သပ်ပေးရင်းပြောလိုက်တယ်။''ဒီတစ်ယောက်က ချစ်နဲ့တူ
သလိုပဲ''''ငါဘယ်သူနဲ့မှကိုယ်ဝန်မရှိဖူးပါဘူး
ဒါပေမယ့် ငါနဲ့တကယ်တူတယ်
ငါအငယ်စားလေးလိုပဲ ဘယ်လို
ဖြစ်တာပါလိမ့်'' Timmyက မယုံကြည်နိုင်စွာပြောပါတယ်။''ကိုယ်လဲအတူတူပဲလေ ဒီကလေး
ကကိုယ်ငယ်ငယ်တုန်းကဓာတ်ပုံ
အတိုင်းပဲ''
YOU ARE READING
Fire, Ice and Everything Nice(မြန်မာဘာသာပြန်)
FanfictionCredit to SweetestSin1314 ၂၁အရွယ် မီလျှံနာလေး Timmy ရယ်... အလုပ်၃ခုလုပ်ပြီး ဘ၀ကိုကြိုးစားနေနေရတဲ့ Johnny ရယ်.... ဘာသာပြန်အရည်အချင်းကြောင့် ဖတ်ရတာအဆင်မပြေတာများရှိလာခဲ့ရင် ကြိုပြီးအားနာပါတယ်ရှင် May(Shangyin)