မျက်နှာကိုနေစူးပြီး
ကျွန်တော်နိုးလာတယ်။
အိပ်ယာကနေထထိုင်လိုက်ပြီး
ရှန်ဟိုင်းမှာပဲရှိနေသေးတာကို
သတိရသွားတယ်။ အိပ်ယာဘေးက
နာရီကိုလှမ်းကြည့်လိုက်တော့
မနက်၇နာရီပဲရှိသေးတယ်။
Johnnyကတော့အိပ်နေတုန်း,
သူမနိုးအောင်အိပ်ယာကနေ
အသာလေးထလိုက်တယ်။မီးဖိုချောင်ကိုဆင်းလာတော့
ကော်ဖီသောက်နေတဲ့
အဖွားကိုတွေ့တယ်။''အစောကြီးနိုးတာပဲ မြေးလေး
ကော်ဖီသောက်မလား?''''ရတယ် အဖွား သားကိုယ့်ဟာကိုယ်
ဖျော်လိုက်မယ် Good Morning''
ကျွန်တော်ပြုံးပြတယ်။ကော်ဖီ၂ခွက်ဖျော်ပြီး အခန်းဆီ
ယူသွားလိုက်တယ်။သူကအိပ်နေတုန်းပဲ။ မနေ့ညက
သောက်တာများသွားလို့ဖြစ်
မယ်။ ကော်ဖီကိုကြည့်နေတုန်း
မှာပဲ သူ့မျက်လုံးနဲ့ဆံပင်တွေ
မဲနက်တာသတိရသွားတယ်။Woaahh! နေပါဦး! ဒီလို
မနက်စောစောမှာJohnny
အကြောင်းမတွေးသင့်ဘူးလေ။ကော်ဖီခွက်ကိုချလိုက်ပြီး
သူ့ကိုစိုက်ကြည့်လိုက်တယ်။
အိပ်ယာစွန်းမှာထိုင်ပြီး
သူ့ပုံစံကိုသေချာကြည့်နေမိ
တယ်။သူကအိပ်နေတဲ့အချိန်မှာ
အရမ်းသိမ်မွေ့တာပဲ။ နိုးနေတဲ့
အချိန် ကောင်ဆိုးလေးပုံစံနဲ့
တခြားစီ။ သူ ကျွန်တော့်ထက်
အရပ်ရှည်တာကိုသိပေမယ့်
ဒီလိုကြွက်သားတွေရှိတာကို
တော့မသိဘူး။Johnnyမျက်လုံးပွတ်ရင်း
နိုးလာတော့ သူ့ကိုကြည့်နေတဲ့
ကျွန်တော့်ကိုမြင်သွားတယ်။
ကျွန်တော်ကြည့်နေတာကိုမိ
သွားတော့ သူပြုံးတယ်။သူ့အပြုံးကြောင့် ကျွန်တော့်
ရင်ထဲမှာတစ်ခုခုခံစားလိုက်
ရတယ်။ အဲ့ဒါဘာလဲ?
လိပ်ပြာလေးတွေတဖျပ်ဖျပ်
တောင်ပံခတ်သလိုလား?
YOU ARE READING
Fire, Ice and Everything Nice(မြန်မာဘာသာပြန်)
FanfictionCredit to SweetestSin1314 ၂၁အရွယ် မီလျှံနာလေး Timmy ရယ်... အလုပ်၃ခုလုပ်ပြီး ဘ၀ကိုကြိုးစားနေနေရတဲ့ Johnny ရယ်.... ဘာသာပြန်အရည်အချင်းကြောင့် ဖတ်ရတာအဆင်မပြေတာများရှိလာခဲ့ရင် ကြိုပြီးအားနာပါတယ်ရှင် May(Shangyin)