စနေနေ့ , Johnnyနဲ့ကျွန်တော်
အများကြ်ီးပြင်ဆင်ထားခဲ့တဲ့နေ့။
ကျွန်တော်တို့က ရှန်ဟိုင်းကို
သွားတဲ့လမ်းပေါ်မှာ, အချိန်က
မနက်၇နာရီ။တနင်္လာနေ့ကအဖြစ်အပျက်
တွေဖြစ်ပြီးတဲ့နောက်
ကျွန်တော်တို့က'တစ်ယောက်
အကြောင်းတစ်ယောက်သိဖို့'
ရယ် ကျွန်တော်တို့'ချိန်းတွေ့'
တဲ့အကြောင်းအရာတွေကို
သေချာပြင်ဆင်ခဲ့ကြတယ်။ကျွန်တော်တို့ရဲ့အကြောင်း၊
မိသားစုအကြောင်း၊ ကျွန်တော်တို့
ဘယ်လိုတွေ့ခဲ့ကြတယ်ဆိုတဲ့
အကြောင်း၊ တစ်ယောက်က
ဘယ်လိုချစ်ခွင့်ပန်ခဲ့တယ်ဆိုတဲ့
အကြောင်း၊ စေ့စပ်တာကို
ဘယ်အချိန်မှာလုပ်မယ်ဆိုတဲ့
အကြောင်း ပြီးတော့ ဒီလိမ်ညာမှု
ကိုဘယ်လိုအဆုံးသတ်မယ်ဆိုတဲ့
အကြောင်းတွေကို သေချာတိုင်ပင်
ခဲ့ကြတယ်။တချို့မှန်တာတွေကိုလဲ
ထည့်သွင်းဖို့ ကျွန်တော်တို့
ဆုံးဖြတ်ခဲ့ကြတယ်။ ဒီလိုမျိုးပေါ့,
ကျွန်တော်တို့ကော်ဖီဆိုင်မှာတွေ့
ခဲ့တာမျိုး ဒါပေမယ့် ကျွန်တော်က
သူ ကျွန်တော့်ကုမ္ပဏီမှာလုပ်
တယ်ဆိုတာကိုမသိဘူးဆိုတာ
မျိုးပေါ့။ သူကကျွန်တော့်ကို
ကာနီဗယ်ပွဲတော်ညချိန်းတွေ့
ကြတဲ့အချိန်မှာ ကိတ်မုန့်ထဲ
လက်စွပ်ထည့်ပြီးချစ်ခွင့်ပန်ခဲ့
တာမျိုး ညဖက်ထွက်လည်တဲ့
အချိန်မှာပေါ့လေ။ ဟုတ်တယ်
ညဖက်ထွက်လည်တဲ့အချိန်မှာ။
သူ့စိတ်ထဲဘယ်လိုတွေတွေးနေ
မလဲဆိုတာ ကျွန်တော်မသိဘူး။
အချိန်ကုန်သွားရင် ကျွန်တော်သူ့ကို
လွှတ်ပေးမှာပါ။ စေ့စပ်မယ့်ရက်ကို
ကျွန်တော်တို့ဘယ်တော့မှ
သတ်မှတ်မှာမဟုတ်ဘူး အဲ့ဒါက
ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး
ဆိုတာ ကျွန်တော်တို့သိနေတယ်
လေ။ ၂ပတ်ကြာရင် အားလုံး
ပြီးသွားမှာ, ပြောတဲ့ကိစ္စတွေက
တစ်ခုမှဖြစ်လာမှာမဟုတ်ဘူး။
သူတို့အဲ့ဒါကိုလက်ခံကြဖို့
ကျွန်တော်မျှော်လင့်တယ်။
YOU ARE READING
Fire, Ice and Everything Nice(မြန်မာဘာသာပြန်)
FanfictionCredit to SweetestSin1314 ၂၁အရွယ် မီလျှံနာလေး Timmy ရယ်... အလုပ်၃ခုလုပ်ပြီး ဘ၀ကိုကြိုးစားနေနေရတဲ့ Johnny ရယ်.... ဘာသာပြန်အရည်အချင်းကြောင့် ဖတ်ရတာအဆင်မပြေတာများရှိလာခဲ့ရင် ကြိုပြီးအားနာပါတယ်ရှင် May(Shangyin)