၁၅မိနစ်လာက်မောင်းပြီး
ရောက်လာကြတယ်။ ရေကန်
ကိုလှမ်းမြင်ရတဲ့ တောင်ကုန်းထိပ်
မှာ။ Hannah ကပြောတယ်
ဒါက Sunset Wedding
ပုံစံတဲ့ ကျွန်တော်လဲ တကယ်
အဆင်ပြေတယ်လို့ တွေးမိတယ်။''ဒီနေရာက အရမ်းလှတယ်နော်''
Johnnyကပြောတယ်။''ဟုတ်တယ် တကယ့်ကို
သာယာအေးချမ်းတဲ့
နေရာပဲ'' ကျွန်တော်ထောက်ခံ
လိုက်တယ်။''မင်္ဂလာပွဲကျင်းပတဲ့နေရာကို
မြင်ရင် ရှင်တို့ပိုပြီးသဘောကျသွား
စေရမယ်''ကျွန်တော်တို့စပ်စုလိုက်ကြတယ်။
ကော်ဇောနီခင်းထားပြီး
ပွင့်ချပ်တွေကြဲဖြန့်ထားတဲ့
လမ်းတစ်လျှောက် ကျွန်တော်
လျှောက်လာခဲ့တယ် ဘေးတစ်
ဖက်တစ်ချက်မှာတော့ ပန်းအလှ
ချိတ်ဆွဲထားတဲ့တိုင်တွေနဲ့
ထိုင်ခုံတွေရှိနေတယ်။ အဲ့ဒီ
ထိုင်ခုံတွေထဲကတစ်ခုံမှာ
Johnny ၀င်ထိုင်ပြီး
တစ်ခုခုကိုတွေးနေတာကို
တွေ့ရတယ်။အပြင်အဆင်ကအံ့သြစရာ
ပါပဲ။ အရောင်စုံမီးတွေချိတ်ဆွဲ
ထားတဲ့ သစ်ပင်ကြီးတွေကလဲ
အရောင်တဖျတ်ဖျတ်လက်လို့။
ရေကန်ကိုလဲ လှမ်းမြင်နေရ
တယ်ဆိုတော့ တကယ့်
Perfectပဲ။ လေညင်းလေး
တွေတိုက်ခတ်နေတာကို
ကျွန်တော်ခံစားရတယ်။
ကန်ရေပြင်က လှိုင်းငယ်လေး
တွေရဲ့အသံသဲ့သဲ့ကိုလဲ
ကြားရတယ်။ မျက်လုံးတွေမှိတ်ပြီး ငြိမ်းချမ်းမှုကိုခံစားနေလိုက်တယ်။.......................
........................
ထိုင်နေရင်းနဲ့ Timmyမင်္ဂလာ
လျှောက်လမ်းတလျှောက် လျှောက်
သွားနေတာကို ကြည့်မိတယ်။
ဘာကြောင့်မှန်းမသိ ကျွန်တော်
ပျှော်ရွှင်မှုကို ခံစားရတယ်။
ကျွန်တော့်အတွက်တော့
မင်္ဂလာပွဲကိုစီစဉ်ဖြစ်နေတာက
Timmyနဲ့အတူဘ၀တလျှောက်
လုံးအတူနေသွားနိုင်မယ်ဆိုတဲ့
မျှော့်လင့်ချက်ကိုဖြစ်ပေါ်စေတယ်။
ကျွန်တော်အဲ့မှာထိုင်ပြီး ကျွန်တော့် အချစ်လေးလမ်းလျှောက်သွားတာ
ကိုကြည့်နေတာ ကြည့်လေကြည့်
လေ နေ့ရက်တိုင်းကပိုပိုပြီး လှပလာ
တော့မလိုပဲ။
YOU ARE READING
Fire, Ice and Everything Nice(မြန်မာဘာသာပြန်)
FanfictionCredit to SweetestSin1314 ၂၁အရွယ် မီလျှံနာလေး Timmy ရယ်... အလုပ်၃ခုလုပ်ပြီး ဘ၀ကိုကြိုးစားနေနေရတဲ့ Johnny ရယ်.... ဘာသာပြန်အရည်အချင်းကြောင့် ဖတ်ရတာအဆင်မပြေတာများရှိလာခဲ့ရင် ကြိုပြီးအားနာပါတယ်ရှင် May(Shangyin)