မနေ့ညက အဖြစ်အပျက်တွေပြီး
သွားတော့ အိပ်မက်မဟုတ်ပါစေနဲ့
လို့ဆုတောင်းမိတယ်။ တကယ်ဆို
တာသိပေမယ့်လဲ မယုံနိုင်သေးဘူး။
မနေ့ညက ကျွန်တော်တို့ရဲ့ ခံစား
ချက်တွေကို အချင်းချင်းဝန်ခံခဲ့
ကြတာ တကယ်အံ့သြဖို့ကောင်း
တယ်။ ရင်ဘတ်ထဲမှာ လိပ်ပြာ
လေးတွေတဖျပ်ဖျပ်ခုန်နေသလို
ခံစားချက်ကို ဟန်ဆောင်တာ
မဟုတ်ပဲ အဲ့လူကလုပ်ပေးနိုင်
မယ်လို့ ဘယ်သူကထင်မိမှာတဲ့
လဲ။ဒီနေ့တော့ တကယ့်propose
အစစ်လုပ်ဖို့ဆုံးဖြတ်ထားတယ်။
အဆင်ပြေနိုင်မယ့် လက်စွပ်
ွှရှာရတာတောင် တော်တော်
ခက်ခဲတာပဲ။ လိုချင်တဲ့လက်စွပ်က
ရိုးရှင်းပေမယ့် ရင်သပ်ရှုမောဖွယ်
ဖြစ်ရမယ်ဆိုတာမျိုးကိုး။ ရတနာ
ဆိုင်အများအပြားသွားခဲ့ပေမယ့်
လိုချင်တာမရဘူး ဒါပေမယ့်
ဆိုင်ဟောင်းတစ်ဆိုင်မှာတော့
တွေ့ခဲ့တယ်။ဆိုင်ထဲဝင်ကြည့်လိုက်တော့
အကုန်လုံးလှနေတာချည်းပဲ။''Special ringရှာနေတာ
ပါလားရှင့်'' မိန်းမတစ်ယောက်က
မေးလာတယ်။''ဟုတ်ပါတယ်''
'' ဘယ်လိုမိန်းကလေးကများ
ကံကောင်းသွားတာလဲရှင်''''မိန်းကလေးအတွက်မဟုတ်ပါဘူး''
''oh , ကြိုက်တာတွေ့ပါပြီလား''
''မတွေ့သေးဘူးဗျ အကုန်လုံး
လှနေတာတွေပဲဆိုတော့လေ
ကျွန်တော်လိုချင်တာက ရိုးရှင်း
ပေမယ့် တင့်တယ်ရမယ်
ကျွန်တော့်ရဲ့Timmyလိုပေါ့''''ကျွန်မတို့မှာ အဲ့လိုလက်စွပ်မျိုး
ရှိတယ်ထင်ပါတယ် ခဏစောင့်
ပါဦးနော်'' သူမကပြောပြီး အခန်းတစ်ခန်းထဲဝင်သွားတယ်။လက်ထဲမှာဘူးသေးလေးတစ်ဘူး
ကိုင်ပြီးပြန်ထွက်လာတယ်။''ကြည့်ကြည့်ပါဦး'' သူမကဘူးကို
ကမ်းပေးတယ်။ဖွင့်ကြည့်လိုက်တော့ ကျွန်တော် လိုချင်တာဒါမျိုးပဲဆိုတာတန်းသိ သွားတယ်။ အဓိပ္ပာယ်အများအပြား
ရှိတဲ့စိန်ကိုရွှေနဲ့ကွပ်ထားတယ်။
Perfectပဲ။
YOU ARE READING
Fire, Ice and Everything Nice(မြန်မာဘာသာပြန်)
Fiksi PenggemarCredit to SweetestSin1314 ၂၁အရွယ် မီလျှံနာလေး Timmy ရယ်... အလုပ်၃ခုလုပ်ပြီး ဘ၀ကိုကြိုးစားနေနေရတဲ့ Johnny ရယ်.... ဘာသာပြန်အရည်အချင်းကြောင့် ဖတ်ရတာအဆင်မပြေတာများရှိလာခဲ့ရင် ကြိုပြီးအားနာပါတယ်ရှင် May(Shangyin)