Episode 1

1.5K 127 72
                                    

#Zawgyi

ပေကျင်းမြို့တစ်မြို့လုံး မီးခိုးလုံးများ တလူလူ လိမ့်လို့နေသည်--------
သေနတ်သံ ဗုံးသံတွေအကြား အသက်လုပြေးရင်း Justin ပျောက်သွားတာ Fan Cheng Cheng သတိထားမိလိုက်သည် သူလိုကိုယ်လို ကြောက်လန့်တကြား ပြေးလာတဲ့ လူအုပ်ကြီးအကြား ပြာပြာသလဲ သူ့ကိုလိုက်ရှာသော်လည်းမတွေ့ နာရီအတော်ကြာ အပူတပြင်း ရှာဖွေရင်း အောက်ဘက်နားက အော်သံလိုလိုကြားလို့ ငုံ့ကြည့်လိုက်မှ မြေမှုန်များဖြင့် ပေတူးလျှက် ကြောက်လန့်နေရှာသော Justinကို တွေ့ရတော့သည်။

'Fan Cheng......'

'အား....တော်သေးတာပေါ့ ငါမင်းကို အကြာကြီး လိုက်ရှာနေခဲ့တာ ဘာဖြစ်သွားသေးလဲ'

'ဘာမှတော့မဖြစ်ပါဘူး ထွက်ပြေးရင်း ကျင်းထဲပြုတ်ကျသွားလို့'

Fan Cheng Cheng သူ့လက်တဖက်ကို ကမ်းပေးလိုက်ရင်း

'လာ ငါ့လက်ကိုဆွဲပြီး တက်လာခဲ့'

Justin လည်း သူ့ကိုကမ်းပေးသည့် Fan Cheng Cheng ၏လက်ကို ဆွဲအံ့ဆဲဆဲ...... သူတို့အနားကို လူတစ်ယောက် ထပ်ရောက်လာပြန်သည်။

'အစ်ကို'

'Justin မင်းပျောက်သွားလို့ လိုက်ရှာနေတာ ဘာမှတော့ ထိခိုက်မသွားဘူးမလား လာ အစ်ကိုလက်ကိုဆွဲ တက်ခဲ့'

Fan Cheng Cheng စိတ်ထင်၍ပဲလား Justin သည် သူ့ကိုတွေ့တုန်းကထက် အစ်ကို Zhu Zheng Tingကို မြင်လိုက်ရချိန်တွင် မျက်လုံးအရောင်များ တောက်ပနေသလိုလို... အခုလည်း ပထမဆုံးကမ်းသော သူ့လက်နှစ်ဖက်ကို လျစ်လျူရှုကာ အစ်ကို Zhu Zheng Ting လက်ကိုသာဆွဲပြီး တက်လိုက်သည်။ ထိုအချိန် ဗုံးအလုံးပေါင်းများစွာ အဆင့်ဆင့် ပေါက်ကွဲသည် အပြင်မှာတော့မဟုတ် Fan Cheng Cheng၏ ရင်ထဲမှာသာဖြစ်သည်။ ထိုခံစားချက်ကို သူကတော့ အမျိုးအမည် မဖော်ပြတတ်ပေ နာတော့နာကျဉ်လှသည်။

----------------------------------------------------------
1931 ခုနှစ်မှာ ဖက်ဆစ်ဂျပန်တွေဟာ မြို့တော်ပေကျင်းကိုပါ သိမ်းပိုက်တော့မယ်လို့ သတင်းရတာကြောင့် အထက်တန်းတက်နေတဲ့ Fan Cheng Cheng Justinနဲ့ Zhu Zheng Ting တို့ သုံးယောက်ဟာ စစ်ဘေးရှောင်ဖို့ အမျိုးတွေရှိတဲ့ ချုံကျင်နယ်မြို့လေးကို ထွက်ပြေးလာရပါတော့သည် မပြေးလို့လည်းမဖြစ် ကြားရသည့် သတင်းများအရ ကျူးကျော်လာသည့် ဂျပန်များမှာ ငွေကြေးချမ်းသာသူများဆီမှ ပစ္စည်းများသိမ်း ကလန်ကဆန်လုပ်ပါက ရက်ရက်စက်စက် သတ်ပစ်ဖို့ ဝန်လေးသူများ မဟုတ်ကြ။

နွေဦးလေပြေWhere stories live. Discover now