Episode 10

366 69 95
                                    

#Zawgyi

ကိုယ့်​ဒူးကိုယ်​ဖက်​ပြီး ချမ်း​နေပုံ​ပေါ်​သော KunKun ကို Bufan က ​ရေ​နွေးခွက်​ကမ်း​ပေးရင်း

"အဲဒါက လက်​ဖက်​စိမ်းလက်​ဖက်​ရည်​ပဲ ဒီအိမ်​မှာ အ​ကောင်းဆုံးက​တော့ ဒါပဲရှိတယ်​​ဟေ့"

"ဟုတ်​ကဲ့ ​ကျေးဇူးတင်​ပါတယ်​ အစ်​ကို ​မွှေး​နေတာဘဲ----"

KunKunနဲ့ Ziyi မ​နေ့ည သူ့အိမ်​​ရောက်​လာတည်းက Bufan မှာ မရှိရှိတာနဲ့ ​ကျွေး​မွေး ဧည့်​ခံရသလို မုန့်​ပျားသလက်​​ရောင်းရသည့်​ အဘိုးကြီးလို ရုပ်​ဖျက်​​နေရ​သော နိုင်​ငံ​ရေးသမား ဖြစ်​သည့်​အ​ကြောင်းပါ ​ပြောပြလိုက်​ရသည်​ လှို့ဝှက်​တံခါးသုံးပြီး စမ်းတဝါးဝါးနဲ့ လာခဲ့ရ​သော သူတို့နှစ်​​ယောက်​ကို ​နေထွက်​လာတာနဲ့ အပြန်​လမ်းကို လိုက်​ပြရအုံးမည်​ ထိုသို့ စဉ်းစား​နေရင်းပင်​ ​ရေ​နွေးကြမ်းကို ဖြည်းဖြည်းချင်း​သောက်​​နေ​သော KunKun ကိုကြည့်​ကာ

"မင်းက KunKun ဆို​တော့ မင်းအ​ဖေက ဦး​လေးWuyifan လား"

"ဟင်​ ကျ​နော့်​မိဘရင်း​တွေကို သိ​နေတာလား"

"မသိပါဘူး ကြားဖူးတာပါ အင်း သူ့ရဲ့ သားမို့လို့လည်း ဒီ​နေရာအထိ ​ရောက်​လာတာ​ပေါ့​လေ"

"ဗျာ ဘယ်​လို ဘယ်​လို---"

"ဆရာZhang က ​ကျောင်းသားတိုင်းကို လှို့ဝှက်​အခန်းအ​ကြောင်း ​ပြောပြမယ်​ ထင်​​နေတာလား"

"ကျ​နော်​က ​တော်​လှန်​​ရေးသမားမို့ ​ပြောပြထားတာ မဟုတ်​ဘူးလား ဟို--- မဟုတ်​မှလွဲ​ရော အ​ဖေနဲ့ ဆရာက တခုခု ---- အင်း ဘယ်​လိုပက်​သက်​​နေတာလဲ"

Bufan သည်​ KunKun အ​မေးကို တိုက်​ရိုက်​မ​ဖြေ KunKun ​ခြေ​ထောက်​ဒဏ်​ရာ ​ဆေးထည့်​ရန်​ ခြံထဲတွင်​ ​ဆေးပင်​နှုတ်​​နေ​သော Ziyi ကို လက်​ညှိုးထိုးပြပြီး

"မင်းနဲ့ အဲ့တ​ယောက်​ ဘယ်​လိုပက်​သက်​​နေတာလဲ"

KunKun ​ခေါင်းကုတ်​ပြီး ​ဖြေရကြပ်​​နေသည်

"ဟို ဟို​လေ အချစ်​ဆုံး သူငယ်​ချင်း​တွေပါ"

"​အေး မင့်​အ​ဖေနဲ့ ဆရာZhang လည်း အဲ့လိုပဲ"

နွေဦးလေပြေWhere stories live. Discover now