Episode 14

373 67 111
                                    

#Zawgyi

ဆရာZhang ​မေးသည်​ကို YouZhangJingSan က စိတ်​မ​ကောင်းသည့်​ ပုံဖြင့်

"ဆရာတို့ အချုပ်​ခန်းကို ​ဖောက်​​ပြေးတဲ့ညမှာ NongNongရဲ့ အ​ဖေအပါအဝင်​ ရဲ​တွေ​ရော အချုပ်​သားနှစ်​​ယောက်​ပါ ရက်​ရက်​စက်​စက်​ အသတ်​ခံလိုက်​ရတယ်​ ဆရာ-----"

"ဘာ ဘယ်​လို----"

"အို-----"

လုံးဝမထင်​မှတ်​ထားသည့်​ စကား​ကြောင့်​ ဆရာZhang တင်​မက ​ဘေးမှာရှိ​နေသည့်​ KunKun တို့ပါ အံ့သြစိတ်​မ​ကောင်း​တွေ ဖြစ်​ကုန်​သည်

"NongNong ပြန်​လာ​တော့ အစုလိုက်​အပြုံလိုက်​ သတ်​ဖြတ်​ခံထားရတဲ့မြင်​ကွင်းကို မြင်​လိုက်​ရတယ်​ ဆရာ-----"

"ဟင်​ ကျ​နော်​တို့ကို ဖြတ်​လမ်းလိုက်​ပြ​နေတဲ့ အချိန်​မှာ​ပေါ့ ကျ​နော်​တို့က ​ရေအိုးထဲအိပ်​​ဆေးပဲခတ်​ခဲ့တာပါ လူ​တွေကို လက်​ဖျားနဲ့​တောင်​ မထိရပါဘူး"

"ဆရာတို့အဖွဲ့ လုပ်​တာမဟုတ်​မှန်း ကျ​နော်​ သိပါတယ်​ NongNong အ​ဖေက ဂျပန်​ဘက်​က ရဲဆို​တော့ ရန်​ငြိုး​နေတဲ့ ​တောပုန်း​တွေလည်း ရှိသလို နိုင်​ငံ​ရေးအယူအဆမတူတဲ့ အစိုးရဘက်​ကလူကြီးအချို့နဲ့လည်း ငြိထား​တော့ ဘယ်​သူ့လက်​ချက်​မှန်း​တော့ ​သေချာမသိဘူး​ပေါ့ ​သေချာတာ​တော့ သူတို့အားလုံး အိပ်​​ပျော်​​နေလို့ အငိုက်​မိသွားတာပါပဲ"

"ဟာ----"

"အ​လောင်း​တွေက အရမ်းကို ရုပ်​ပျက်​ဆင်းပျက်​ဆို​တော့ နှလုံးသားနုတဲ့ NongNong ​လေး အရမ်းစိတ်​ထိခိုက်​သွားပုံ​ပေါ်တယ်​ ငယ်​ငယ်​တည်းက အ​မေမရှိရှာ​တော့ သူ့အ​ဖေနဲ့ ရဲစခန်းက လူ​တွေလက်​မှာပဲ ကြီးလာရတာ အကုန်​လုံးက သူ့မိသားစုဝင်​​တွေလို ဖြစ်​​နေတာကိုး သူ့စိတ်​​တွေ ပုံမှန်​မဟုတ်​​တော့ဘူး ဆရာ ဘာကိုမှလည်း သတိမရ​တော့ဘူး အတိတ်​​မေ့သလို ဖြစ်​သွါးတယ် အဲ့ဒါ---"

"ဖြစ်​မှဖြစ်​ရ​လေ သူအခု ဘယ်​မှာလဲ---"

"ဆရာZhang ​ကျောင်းအထိ​တော့ ကျ​နော်​ ​ခေါ်လာခဲ့တယ်​ ဆရာတို့ သူ့ကို​စောင့်​​ရှောက်​ ​ပေးနိုင်​မနိုင်​ မ​သေချာလို့"

နွေဦးလေပြေWhere stories live. Discover now