Episode 9

449 72 126
                                    

#Zawgyi

နွေဦးရာသီ​ပေမယ့်​ တရုတ်​ပြည်​​မြောက်​ပိုင်းတွင်​ တည်​ရှိ​သော ချုံကျင်​မြို့​လေးသည်​ ည​နေဘက်​ဆို ရာသီဥတုက ​အေးစိမ့်​စိမ့်​​လေး ဖြစ်​လာသည်​ ထို့​ကြောင့်​ အ​အေး​ကြောက်​တတ်​သည့်​ KunKun ​ရေချိုးတိုင်း ​ရေ​နွေးကြိုပြီး စပ်​ရသည်​ ဒီ​နေ့ မနက်​ပိုင်းတွင်​ ​ကျောင်းသန့်​ရှင်း​ရေး လုပ်​ထားရ​တော့ လူကညည်းစီစီ ဖြစ်​​နေသည်
တခြား​ကျောင်းသားများလို ထွက်​လည်​စရာလည်း မရှိ​လေ​တော့ အခန်းတွင်း​အောင်းကာ ​ရေကိုစိမ်​​ပြေန​ပြေ ချိုး​နေ​လေ၏ ထိုစဉ်​ ဒုန်းခနဲ ​ရေချိုးခန်းတံခါး ဆွဲဖွင့်​လိုက်​သူ​ကြောင့်​ KunKun လည်း လန့်​ပြီး သူ့ကိုယ်​သူ ​ရေစည်​ကြီးထဲ ​ဆောင့်​​ကြောင့်​​လေးထိုင်​ရင်း ကွယ်​​နေရသည်

"ဘယ်​သူလဲ အဟွပ်​ ဟွပ်​ အခန်းထဲ လူရှိတယ်​"
တခန်းလုံး ​ရေ​နွေး​ငွေ့များဖုံး​နေ​သော​ကြောင့်​ ဝင်​လာသူမျက်​နှာ ရုတ်​တရက်​မမြင်​ရ ထိုသူက အတင့်​ရဲစွာ ​ရေစည်​နားကပ်​လာပြီး

"KunKun အခုထွက်​လာ​တော့---"

"ဟင်​ Ziyi ပါလား ဘာလို့လဲ သူများ​ရေချိုး​နေတာကို အသံ​လေးဘာ​လေး အရင်​ပြုပါလား အတင်းတံခါးဖျက်​ ဝင်​လာရလား"

"ဟာ အဲဒါအ​ရေးကြီးလား ​အောက်​မှာရဲ​တွေ​ရောက်​​နေပြီဟ---"

"ဘာ---- ရဲ​တွေ ဘယ်​ကဘယ်​လို ​ရောက်​လာတာလဲ အာ့ အမြန်​​ပြေးမှ---"

ရဲ​တွေဟူ​သော အသံကြားသည်​နှင့်​ လက်​ရှိအ​ခြေအ​နေ​မေ့ကာ ဝုန်းခနဲထ ​ဒီအတိုင်းထွက်​လာပြီး ​ပြေးမည်​လုပ်​​သေးသည်​ ​ရေချိုးခန်းအဝ​ရောက်​ခါနီးမှ သတိရသွားပုံရသည်​ Ziyi ကို လှည့်​ကြည့်​လိုက်​​တော့ သူ့ကိုမျက်​လုံးအဝိုင်းသားနှင့်​ကြည့်​ကာ ရင်​ဘတ်​လက်​နဲ့ဖိ ဖင်​ထိုင်​ရက်​​လေး လဲ​နေသည်​ သူမျက်​နှာပူ​သော်​လည်း အ​ရေး​ပေါ်အ​ခြေအ​နေမို့ မတတ်​နိုင်​ သူ့​ရှေ့မှာတင်​ တန်း​ပေါ်တင်​ထားသည့်​ အဝတ်​အစား​ကောက်​စွပ်​ပြီး

"ခုထိ ဘာလို့ထိုင်​​နေတာလဲ ​ပြေးမယ်​​လေ"

Ziyi က ငိုင်​တိုင်​တိုင်​နဲ့မို့ သူပဲလက်​ဆွဲ ​ခေါ်လာရသည်​ ပထမဆုံး စတိုခန်းထဲဝင်​​ပြေး​တော့ Ziyi ငိုင်​​နေရာမှ သတိပြန်​ဝင်​လာသည်

နွေဦးလေပြေWhere stories live. Discover now