Episode 4

535 86 95
                                    

#Zawgyi

ကျယ်ပြန့်လှသော ခြံဝန်းကြီးထဲတွင် သစ်ပင်ပန်းမန်အစုံအလင်သည် ကြီးမားခန့်ထည်သော အဆောက်အအုံကြီးအား တင့်တယ်လှပစွာ ဝန်းရံလို့ထားသည် ထိုမြင်ကွင်းအား ZhuZhengting တယောက် မြင်းလှည်းပေါ်ကတည်းက အောက်ဆင်းသည်အထိ ငေး၍ပင် မပြီးနိုင်သေး FanChengCheng Justin နှင့် Quanze ကတော့ အိပ်ငိုက်ပြီး လိုက်ပါလာသည် အောက်ဆင်းတော့လည်း အိပ်ချင်မူးတူးနဲ့ပင် အထုတ်လေးဆွဲ လိုက်လာသည် ZhuZhengting သာ အချစ်နှင့် တွေ့ရတော့မှာ ဖြစ်သဖြင့် တက်ကြွနေသည်

"အိမ်ကြီးက ကြီးလိုက်တာနော် နွေရာသီမို့သားမသိဘူး ခြံဝန်းကြီးက သာယာလိုက်တာ"

"ဆောင်းရာသီလည်း နှင်းတွေဝေပြီး အရမ်းလှတာ Zhengting ရဲ့ ဒီနောက်ဘက်မှာဆို သိုင်းလေ့ကျင့်တဲ့ နေရာလည်းရှိတယ် ညနေဘက်တိုင်း လေ့ကျင့်ရတယ်"

"အော်---"

Yanchen ကတော့ နေသာသာ မိုးရွာရွာ နှင်းကျကျ မိုးပေါ်က နတ်သက်ကြွေ လာသလားဟု ထင်မှတ်ရအောင် ချောသည့် ZhuZhengting အနားတွင် ရှိရင်ကို ရာသီဥတု သာယာနေပြီဖြစ်သော်လည်း Zeren မှာတော့ နေကပူရသည့်အထဲ မျက်စိနောက်စရာတွေ မြင်နေရသဖြင့် ချွေးပြိုက်ပြိုက်ကျသည်

"ရှေ့ကမြန်မြန်သွားရင်သွား မဟုတ်ရင် ဘေးဖယ်ကြစမ်းပါ အထုတ်ကလေးရတဲ့အထဲ"

ဟုပြောပြောဆိုဆို တွန်းတိုက်ကာ သွားတော့သည် Yanchen ကတော့ ZhuZhengting ကို အားနာသွားပုံ ပေါ်သည်

"ဟာ စိတ်မရှိပါနဲ့ Zhengting ရာ သူက အဲလိုပြောတတ်ပေမယ့် စိတ်ရင်းက ခင်တတ်ပါတယ်"

"ရပါတယ် ဘာမှမဖြစ်ပါဘူး ဒါနဲ့ ဆရာရော အိမ်မှာရှိလား"

"အင်း အခုအချိန်လောက်ဆို စာဖတ်နေမယ် ထင်တယ်"

"ဟယ် ရှိတယ်လား အဲဒါဆို ဆရာ့ဆီ ခေါ်သွားပေးပါလား မတွေ့ရတာလည်း ကြာနေပြီဆိုတော့ နှုတ်ဆက်ချင်လို့"

"အာ ဒါတော့ မဖြစ်ဘူး ဆရာက သူစာဖတ်နေရင် ဧည့်သည်ခေါ်သွားတာ မကြိုက်ဘူး အဆူခံရလိမ့်မယ်"

"ဟာ Yanchenကလည်း ငါက ဧည့်သည်မှ မဟုတ်တာ"

Zhuzhengting ကို သူအလိုလိုက်ချင်သော်လည်း ဆရာ့ကိုတော့ ကြောက်ရသေးသည်

နွေဦးလေပြေWhere stories live. Discover now