Episode 6

450 81 121
                                    

#Zawgyi

ရည်းစားလူလု အူနုကျွဲခတ်​ဆိုတဲ့ စကားပုံဟာ အသားလွတ်​ ​ပေါ်လာတာ မဟုတ်​ဘူး---- ဦးကို လာပက်​သက်​​နေတာ ငါ့ကိုစစ်​​ကြေညာတာနဲ့ အတူတူပဲ---

ဤသို့ ZhuZhengting ကြိမ်းဝါးလိုက်​​လေ​တော့ ပွဲကြီးပွဲ​ကောင်း ကြည့်​ရ​တော့မည်​ဟု XiaoGui ထင်​လိုက်​မိသည်​ FanChengCheng နှင့်​ Justin က​တော့ ​ကြောင်​စိစိ လုပ်​​နေတုန်းပင်

တဒုန်းဒုန်းနဲ့ တက်​သွားရင်း အ​ပေါ်ဆုံးထပ်​​ရောက်​​တော့

"ဒီအခန်း​လေ---"

တံခါးသည်​ ချက်​ချမထား ZhuZhengting အားနဲ့​ခေါက်​ဖို့ ကြံတုန်းမှာပင်​ ကျွီခနဲပွင့်​သွားသည်​ အခန်းထဲတွင်​ ပုံဆွဲ​နေဟန်​တူ​သော ​ကောင်​​လေးတစ်​ဦးသာ ရှိ​နေသည်​ သူတို့​ရောက်​လာ​တော့ ထို​ကောင်​​လေးက မျက်​လုံး အဝိုင်းသားနှင့်​ လှည့်​အကြည့်

ပုံမှန်​အချိန်​မှာဆို အ​တော်​ချစ်​ခင်​ ကြင်​နာစရာ ​ကောင်းသည့်​မျက်​နှာမျိုး ဖြစ်​​သာ်​လည်း အခုကလုဘက်​ ဖြစ်​​နေနိုင်​သဖြင့်​ ZhuZhengting မျက်​နှာထားကို တင်းပစ်​လိုက်​ပြီး

"KunKun ဆိုတာ မင်းလား"

ကောင်​​လေးက​တော့ မျက်​လုံးအဝိုင်းသား ကြည့်​နေရာကပင်​ ချက်​ချင်းသွားအကုန်​​ပေါ်​အောင်​ ပြုံးပြလိုက်​သည်

"ဟုတ်​ပါတယ်​ ဒါနဲ့ အစ်​ကိုတို့က ---- ဟို အစ်​ကိုက Yuehua​ကျောင်းက ZhuZhengting များလား"

"ဟင်​ ဘယ်​လိုလုပ်​ သိတာလဲ"

"​ပေကျင်းမြို့​ပေါ်က ​ကျောင်းသား​တွေနဲ့ နယ်​ကလူ​တွေရဲ့ ဝတ်​ပုံစားပုံက နည်းနည်း​တော့ ကွာတာ​ပေါ့ ကျ​နော်​ သိရသ​လောက်​ ​ပေကျင်း က​နေ OACAကလူ​တွေနဲ့ Yuehua ပဲ လာကြတာ OACAက ကျ​နော်​ သိပြီးသားဆို​တော့ အစ်​ကိုတို့က Yuehua ဆိုတာ မှန်းမိတာ ​နောက်​ပြီး ဆရာက​ပြောတယ်​ ZhuZhengtin ဆိုတဲ့ အစ်​ကိုက အရပ်​မြင့်​မြင့်​ ခပ်​​ချော​ချောနဲ့ သိုင်းအရမ်း​တော်​တယ်​တဲ့ အခုလာတဲ့အထဲမှာ အစ်​ကိုက အ​ချောဆုံးဆို​တော့ မှန်းကြည့်​လိုက်​တာ မှန်​တယ်​မလား"

နွေဦးလေပြေWhere stories live. Discover now