Episode 15 (Final)

626 86 97
                                    

#Zawgyi

ZhuZhengTing အရမ်းကို အံ့သြသွားသလို

"ဟင်​ ဘာ​တွေလဲ Yan chen နဲ့က ငါက ဘယ်​တုန်းက အဲ့​လောက်​ရင်းနှီးလို့လဲ"

NongNong ​ရော KunKun ​ရော Ziyi ပါ ဝိုင်းကြည့်​​နေ​သော​ကြောင့်​ ရှက်​လည်းရှက်​သည်

"အဲဒါဆို ဒါ အစ်​ကိုဟာ မဟုတ်​ဘူး​ပေါ့"

"ဟင့်​အင်​ မဟုတ်​ပါဘူး ဘယ်​သူက လာထွင်း --- ဟဲ့ အဲဒါဘာလုပ်​တာလဲ"

NongNong သည်​ အစ်​ကို Zhengting ဟာ မဟုတ်​ဟု ကြားသိရ​သော်​ တခြားခဲလုံးလိုပင်​ ​ရေထဲပစ်​ချ​ဆော့ပလိုက်​​လေ၏

"အစ်​ကိုပဲ အစ်​ကို့ဟာ မဟုတ်​ဘူးဆို NongNong ပစ်​ချလိုက်​တာ​ပေါ့"

"ဟာ ဒီက​လေး​တော့----"

ZhuZhengTing အသိစိတ်​ လွတ်​သွားသလိုပင်​ ဘာမှန်းမသိသည့်​ ​ကျောက်​ခဲတစ်​တုံးကို ဆယ်​ဖို့အ​ရေး ရုတ်​တရက်​ ​ရေထဲကို ခုန်​ချမိသွားသည်

ဗွမ်း

"ဟယ်​"

"ဟာ"

ခပ်​လှမ်းလှမ်းက ထိုင်​ကြည့်​​နေသည့်​ KunKun တို့ပါ အံ့အားသင့်​သွားသည်

"အစ်​ကို Zhengting က ဘာလို့ ​ရေထဲ ခုန်​ချရတာတုန်း ​ရေက အရမ်းနက်​မယ့်​ပုံ ​ပေါ်တာကိုး"

NongNong က​တော့ က​လေးအ​တွေးနှင့်​ပင်

"ကျ​နော်​တူးလာတဲ့ ​ကျောက်​ခဲကို ဆင်းဆယ်​ချင်​ပုံပဲ ခုန​ပြော​တော့ သူ့ဟာ မဟုတ်​ဘူး ​ပြောပြီး"

Ziyi လှမ်းကြည့်​​တော့ ZhuZhengTing အ​ခြေအ​နေမ​ကောင်း

"ဟာ ​ကြောင်​​တောင်​​တောင်​နဲ့ကွာ ​ရေကလည်း ကူးတတ်​ပုံမ​ပေါ်ပဲနဲ့ ​တောက်​---- KunKun ဆရာတို့ကို အမြန်​သွား​ခေါ် ငါအရင်​ ဆင်းဆယ်​နှင့်​မယ်​"

"Ziyi သတိထားအုံး​နော်​----"

KunKun က စိုးရိမ်​သည့်​ပုံဖြင့်​ Ziyi လက်​​မောင်းလှမ်းဆွဲ​သော်​ NongNong မျက်​စိ​တွေ ​နောက်​လာသည်

"အမ​လေး ချစ်​ကြည်​နူးတာ ​နောက်​မှ လုပ်​ကြပါ ဟိုမှာ ​သေ​တော့မလား မသိဘူး"

You've reached the end of published parts.

⏰ Last updated: Oct 21, 2020 ⏰

Add this story to your Library to get notified about new parts!

နွေဦးလေပြေWhere stories live. Discover now