Part 3

17.1K 1.5K 21
                                    

အကျဉ်းချုံးသာလုပ်သော လက်ထပ်ပွဲ၏အပြီးတွင်
မိဘတွေစီစဉ်ပေးထားတဲ့
ကျွန်တော်တို့ နေထိုင်ရန်အိမ်ရှိရာကို
ထွက်လာခဲ့သည်။
မြို့အပြင်ဘက်မှာရှိနေသော
အပန်းဖြေအိမ်ရာလိုမျိုးဖြစ်၍
သိပ်တော့မဝေးပေမယ့်
လူခြေတိတ်သည်။
ကောင်းပါတယ် ပတ်ဝန်းကျင်နဲ့ဝေးလေ
ရှုံ့ ချခံရတာ နည်းလေပေါ့။

လမ်းတစ်လျောက်လုံးမှာ baekhyun
ကားမှန်ကိုမှီကာအိပ်လာခဲ့သည်။
မနေ့ညကလည်း တစ်ညလုံးအိပ်မပျော်ခဲ့သည့်အပြင်
တစ်နေ့လုံးလည်း ပင်ပန်းနေတာကြောင့်
ကိုယ့်ကိုယ်ကိုယ်တောင်
မသိလိုက်ပါပဲမျက်လုံးများစင်းသွားခဲ့တာ။

အေးစက်စက်ဖြစ်လာသော လေထုကြောင့်
Baekhyun အိပ်ယာမှနိုးလာသည်။
ကျောနေရာက အောင့်သက်သက်နှင့်ခံစားနေရသည်။
တစ်ကိုယ်လုံးလည်းညောင်းနေသလို။
ကိုက်ခဲနေသည်။

လက်နှစ်ဖက်ကိုဆန့်တန်းရင်း
ဘေးကို ကြည့်မိတော့ပတ်ဝန်းကျင်က မှောင်မဲနေသည်

သူသည်ကားထဲမှာပဲရှိနေသေးတာဖြစ်သည်။
Chanyeol ကအိမ်ရောက်တာတောင်သူ့ကိုမနှိုးပဲ
ထားခဲ့တာပဲ။

တွေးလိုက်မိတဲ့ အတွေးကို
ကိုယ့်ခေါင်းကိုယ်ပြန် ရိုက်လိုက်ရသည်၊
Chanyeol ကသူ့ ကိုဘာလို့နှိုးမလဲနော်

မှောင်နေပြီဆိုတော့ ဘယ်နှနာရီလောက်ရှိပြီလဲမသိဘူး။
ကိုက်ခဲနေသော လက်မောင်းနှစ်ဖက်ကိုဆုပ်ကိုင်ပြီး
Baekhyun ကားပေါ်မှဆင်းလာခဲ့သည်။
ခြံထဲတွင်ကားရပ်ထားတာဖြစ်ပြီး
သူ့မျက်စိရှေ့မှာ အဖြူရောင်အိမ်ကြီးတစ်လုံးရှိနေသည်။

Baekhyun ထိုအိမ်ရှေ့တွင်မတ်တပ်ရပ်ပြီး
ပတ်ဝန်းကျင်ကိုမော့ကြည့်နေမိသည်။

အိမ်ထဲတွင် chanyeol ရှိမယ်ထင်တယ်

ဝင်သွားဖို့ပြင်သော်လည်း
ဝင်ဖို့ကိုမရဲ။

စိတ်ကိုတင်းထားပြီးမှ
ကျွန်းသစ်သားဖြင့်ပြုလုပ်ထားသော
အိမ်တံခါးကို တစ်ချက်ခေါက်လိုက်ကာ
ဘေးဘယ်ညာကြည့်မိသည်

နောက်တစ်ချက်..

၃ချက် ၄ချက်
အချက်ပေါင်းများစွာ
တုံ့ပြန်မှုမရှိ

Take the way to Love (Completed)Where stories live. Discover now