Part 21

15.1K 1.3K 18
                                    

" ဒေါက်..ဒေါက် ''

" ဝင်လာခဲ့လေ ''

နာရီလှမ်းကြည့်တော့ ၁၀ ခွဲတော့မည်။ အချိန်မတော် တံခါးခေါက်တာ အိမ်တွင် baekhyun အပြင်ဘယ်သူမှရှိသည်မှ မဟုတ်ပဲ။ ဝင်လာပါဆိုသော်လည်း တံခါးပွင့်မလာတာကြောင့် chanyeol ထ၍သွားဖွင့်ပေးလိုက်သည်။

" ဟာ.. baekhyun ဘယ်လိုဖြစ်တာလည်း
ရေတွေက.. ခေါင်းတွေလည်းရွဲနေတာပဲ ''

" ကျွန်တော်
ရေချိုးနေတာအောက်မှာရေမလာတော့လို့ ပါ''

" လာ..လာ အထဲဝင်ချိုး ဖျားကုန်တော့မယ်ကွာ
ညဘက်ကြီး ခေါင်းတွေပါလောင်းချိုးနေတယ်  ''

" နေအုန်း..ဆပ်ပြာတွေမပြောင်သေးတာလား  ''

သေစမ်း.. baekhyun ရာ..မင်းသေစမ်း

" ဟုတ်..တန်းလန်းကြီးမို့လို့ပါ  ''

ရေချိုးနေရင်းတန်းလန်းကြီးရေမလာတော့တာ။
ဒီအတိုင်းရေချိုးထားရင် အဆင်ပြေတယ်။အခုက ခေါင်းပါလျှော်မိထားတဲ့တန်းလန်းကြီးဆိုတော့ ခေါင်းလျှော်ရည်တွေက ခေါင်းပေါ်မှာ။ ရှက်ကလည်းရှက် ကြောက်ကလည်းကြောက်
ဟာ.. ကတ်သီးကတ်သတ် ဖြစ်ရတယ်လို့ကွာ

ရေအစိုပေါ် အင်္ကျီထပ်ဝတ်ပြီးအပေါ်တတ်လာတာမို့ အပေါ်အင်္ကျီများကလည်း စိုနေပြီ။ရေချိုးပြီးသောအခါ လဲစရာကမရှိပေ။ စိတ်ကုန်သည်။

တကယ်စိတ်ကုန်တာ

" ဟို.. chanyeol ''

ရေချိုးခန်းထဲက ခပ်သေးသေးထွက်လာတဲ့အသံလေးနောက်မှာ chanyeol ရင်သည်ဒိုင်းခနဲ။

ခေါ်ခဲသည်။ စကားပြောရင်းနာမည် ထည့်ပြောသွားတာကလွဲရင် baekhyun သူ့နာမည်ကိုသီးသန့်ခေါ်တာကတော့ မရှိသလောက်ပင်ရှား၏

" ပြောလေ ''

" ဟိုလေ..

ကျွန်တော် အင်္ကျီတွေစိုကုန်လို့..''

လေးလံနေတဲ့အသံနောက်မှာ chanyeol ကျိတ်ပြုံးရပြန်သည်။ဒီကောင်လေး ရှက်နေမှာ

ဗီရိုထဲမှ သူ့အင်္ကျီအပွတစ်ခုနဲ့ ချည်သားဘောင်းဘီကို ယူကာ

" ဒါဝတ်ထား ''

တံခါးကို ဖွင့်ကာ လက်လေးတစ်ဖက်သာထွက်လာပြီး
အင်္ကျီကိုဆွဲယူသွားသည်။

Take the way to Love (Completed)Where stories live. Discover now