Part 14

16.7K 1.5K 16
                                    

" ဘယ်လဲ ''

အပြင်ထွက်ဖို့ပြင်နေတဲ့ baekhyun ကို
Chanyeol အနောက်မှလှမ်းမေးလိုက်သည်။ဘာပဲ
ဖြစ်ဖြစ် အပြင်ထွက်စရာအကြောင်းမှမရှိပဲ..

" ဟို..ဝယ်စရာရှိလို့ပါ ''

သူ့ဘက်ကိုလှည့်ပြီး ခေါင်းငုံ၍ပြန်ဖြေတော့ စိတ်မကောင်းဖြစ်ရပြန်သည်။ဘာလို့အဲ့လောက်တောင်ပဲ
အသံတွေတုန်ရတဲ့အထိ ကြောက်နေလဲကလေးရယ်

Chanyeol ဘာမှဆက်မပြောပဲ အိပ်ပေါ်ထပ်သာပြန်တတ်လာလိုက်တော့သည်။
တရွေ့ရွေ့နဲ့ လမ်းလျှောက်ထွက်သွားသော အရိပ်လေးကိုchanyeol ပြတင်းပေါက်မှငေး၍ရပ်ကြည့်နေမိသည်။
မိုးတွေရွာတော့မယ့်ပုံဖြစ်နေတာ ကိုဒီကောင်လေးထီးမယူသွားဘူးလား..

တဖြည်းဖြည်းနဲ့မဲမှောင်လာတဲ့ ကောင်းကင်
အခြေအနေကြောင့် မဟုတ်သေးပါဘူး..
Chanyeol ထီးကိုယူကာ အနောက်မှလိုက်လာခဲ့လိုက်သည်။ပြေး၍ပင် လိုက်မိသည်ကြောင့် baekhyun ကို
မှီချင်သယောင်လေးပင် ရှိပြီ။
ဒါမယ့် chanyeol အနားသို့မသွားပါ။သူ့အနားမှာ ဒီကောင်လေး အနေခက်မှန်းသိသည်။ဒါကြောင့် ကျောပြင်လေးကိုသာ ငေးကြည့်ရင်း ခပ်လှမ်းလှမ်းလောက်ကသာ
လိုက်လာခဲ့သည်။

လမ်းလျှောက်နေတာအတော်ပင်ကြာပြီ။baekhyun
သွားချင်တဲ့နေရာမရောက်သေးဖူးလားမသိဘူး။
ဒီလောက်ဝေးရင်သူလိုက်ပို့မှာပေါ့..ဒါမယ့် မှတ်မိသလောက်
တော့ ဒီနားမှာဘာဆိုင်မှရှိမနေပေ။ဒီကောင်လေးဘယ်
ကိုလာပါလိမ့်...

စိတ်တွေအရမ်းမွန်းကျပ်တာကြောင့် baekhyun လမ်းလျှောက်ထွက်လာတာဖြစ်သည်။ဘယ်သွားရမလဲမသိတာကြောင့် တည့်တည့်သာလျှောက်လာခဲ့သည်။ပြီးရင်
တည့်တည့်ပဲ ပြန်မယ်ဆို အိမ်ရောက်မှာပဲ မဟုတ်ပါလား.

မြင်နေရတဲ့ လယ်ကွင်းစိမ်းစိမ်းကသူ့ဘဝနဲ့ပင်
တူနေသယောင်။လေညင်းတိုက်တိုင်း ဘယ်ညာယိမ်းနေရတဲ့
မြက်ပင်ရှည်တွေကသူများတွေအတွက်စာဖွဲ့စရာဆိုပေမယ့် baekhyunအတွက်သနားစရာလို့မြင်မိသည်။
ဘယ်ဘက်က လေတိုက်ရင် ဘယ်ဘက်ကိုယိမ်း
ညာဘက်ကတိုက်လျှင် ညာဘက်ကိုယိမ်း
သူ့ဘဝလိုပဲ။စေရာအတိုင်း ပြေးနေရတဲ့ဘဝမျိုး..

Take the way to Love (Completed)Where stories live. Discover now