Part 28

14.2K 1.3K 22
                                    

အရာအားလုံးငြိမ်သက်နေသည်။
အနောက်မှသိုင်းဖက်ထားသော Baekhyun ၏
အရဲစွန့်ခြင်းက chanyeol အသိစိတ်များကိုရိုက်ချိုးလိုက်လေသည်။

အကြိမ်ကြိမ်မေးခဲ့တဲ့ ချစ်လားဆိုတဲ့စကားကို
ကျွန်တော်သူ့ကို စွန့်ပစ်ခဲ့မှာစိုးရိမ်လို့ခေါင်းမငြိမ့်ခဲ့တဲ့သူဟာ
သေခြင်းတရားကိုတော့ရင်ဆိုင်ကာ မတုန်မလှုပ်ပဲ ချစ်တယ်လို့ ပြောလာခဲ့သည်။

အံသြခြင်းတွေများစွာနဲ့ ရင်နာရပါသည်။
မထင်မိခဲ့ဘူး။Baekhyun ဆိုရာအရာရာကို ကြောက်တတ်တဲ့ကောင်လေးတစ်ယောက်လို့ ပဲသူပေါ့ပျက်ပျက်တွေးမိခဲ့ခြင်းကို အတွေး၏အစမှကိုင်ကာ တစ်စဆီဆွဲနှုတ်ပစ်ခဲ့တာပဲ။

အခုကျတော့အရာအားလုံးက အိပ်မက်ဆန်နေသည်။
ချစ်တယ်ဆိုတာ ကိုပြောလာမှာသေလောက်အောင်
ကြောက်ခဲ့ရပေမယ့် တကယ်ပြောလာခဲ့ပြီးသည့်နောက်
အခုအချိန်မှာ ကျွန်တော့်၏ခေါင်းထဲ ကျိန်စာဆိုသည့်အရာကို
စိတ်ကူးယဉ်မှုတစ်ခုများဖြစ်ခဲ့လေ လားလို့တွေးမိသည်အထိကို အားလုံးက ပုံမှန်ဖြစ်တည်နေလေသည်။

သိုင်းဖက်ထားတဲ့လက်တွေကို ဖြည်းဖြည်းဖြုတ်ချမိရင်းနောက်သို့ပြန်လှည့်လိုက်စဉ်မှာ အားခဲပြုံးထားသော အပြုံးတစ်ခုနဲ့
ရင်ဆိုင်လိုက်ရသည်။

ကျွန်တော်နဲ့မတူ။Baekhyun ၏မျက်လုံးနက်နက်တွေထဲ၌ ရဲရင့်ခြင်းတွေ

" မင်းအခု ဘာလုပ်နေတာလဲဆိုတာရော
ကိုယ့်ကိုယ်ကိုသိရဲ့လား ''

Baekhyun ပြုံးပြသည်။ကျွန်တော့်ကိုစိုက်ကြည့်ကာပြုံးပြနေသော မျက်ဝန်းထက်မှ မျက်ရည်တစ်စက်ပါးမို့မို့ပေါ် စီးကျလာသည်ကို ထင်ထင်ရှားရှားမြင်နေရသည်။

" ကျွန်တော် အဲ့တာတွေမယုံဘူး ''

" မင်း...''

ကျွန်တော်ကြောက်ရွံနေမိခြင်းကို စိတ်ပျက်ဟန်ပေါ်သော
မျက်နှာထားအသွင်ပြောင်းထားမိသည်။
ကျွန်တော့်၏ အကြိမ်ကြိမ်သက်ပြင်းချသံများကိုဘေးမှ စိုက်ကြည့်ငေးနေသော Baekhyun

" နောင်တမရပဲနေနိုင်လား။ ခင်ဗျားကျွန်တော့်ကိုအဝေးကို တစ်သက်လုံးနှင်လွှတ်ပြီး တစ်ဘဝလုံးနောင်တမရပဲနေနိုင်လား ''

Take the way to Love (Completed)Where stories live. Discover now