Part 29

15.7K 1.4K 13
                                    

ခပ်ဖြည်းဖြည်းပိတ်ခဲ့သော တံခါးကိုBaekhyun
ကျောမှီရပ်လိုက်ရသည်။

တင်းခံနေခဲ့တဲ့နာကျင်မှုကို အဆုံးထိဖွင့်ချလိုက်သောအခါ
ဒူးထောက်ထိုင်ကျသွားမိသည်အထိပင်။

ဘေးဘယ်ညာမှ အရာအားလုံးဝေဝါးနေသည်
မျက်လုံးထဲတွင် အရာအားလုံးက မှုန်ဝါးလို့ပင်နေတော့သည်။

ရင်ဘတ်၏ဘယ်ဘက်တည်နေရာမှ အဆုံးမရှိသည့်နာကျင်မှုကလည်း တဆတ်ဆတ်တုန်အောင် ထိုးနှုက်နေခြင်းကြောင့်
ကျိတ်မှိတ်သည်းခံထားသော ကျစ်နေအောင်ဆုပ်မိထားတဲ့
လက်သီးဆုပ်တွေနဲ့ တင်းနေအောင်မှိတ်ထားတဲ့
မျက်ခွံတွေလည်း ကျိမ်းစက်လို့နေသည်။

မျက်လုံးပင်ဖွင့်၍မရအောင်ထုံထိုင်းနေသည့်
ဦးနှောက်တို့ကြား အရှေ့တည့်တည့်မှပြတင်းပေါက်၏
မှန်ချပ်တွေကြားက တိုးဝင်နေတဲ့နေရောင်က
Baekhyun ၏ခြေထောက်
မရောက်တစ်ရောက်နားအထိ ပြန့်ကျဲ၍နေသည်။

မနေ့ညကတည်းကမသိမသာ
နာကျင်လာတဲ့နှလုံးသားတစ်စုံက
ရှေ့ဆက်ဖြစ်လာမယ့် ကိစ္စတစ်ခုကိုအတပ်အမက် Baekhyun အားပြောပြလိုက်ပါတော့သည်။

နာရီလက်တံတွေ တစ်ဖြည်းဖြည်းရွေ့ ရှားလာတိုင်း
သက်သာလာလိုက် ပိုမိုဆိုးဝါးလာလိုက်နဲ့
အကြမ်းတမ်းဆုံးသော ညတစ်ညကိုရင်ဘတ်ကို
ဖိပြီးဖြတ်ကျော်ခဲ့ရပြီးပြီ။
အချိန်တွေဘယ်လောက်မှ မကျန်တော့ဘူးထင်သည်။

Chanyeol ရှေ့မှာဆက်တင်းမထားနိုင်တော့
လို့ပြေးထွက်လာခဲ့သည်က အရမ်းများသိသာသွားလေသလား။အောက်ထပ်မှ အမှန်တူးနေပြီဖြစ်သောဟင်းတို့ကိုသာ အချီချီကျေးဇူးတင်မိလေတော့သည်။

ဖိကိုက်ထားသောနှုတ်ခမ်းတွေမှာလည်း နီရဲလို့နေလေပြီ။

အသက်ရှုမိတိုင်း ပစ်လဲသွားလောက်တဲ့အထိ ထိုးအောင့်လာခဲ့တဲ့ ကိုယ်တွင်းမှနာကျင်မှုတစ်ခုကရင်ဘတ်ထဲ၌
ကိန်းအောင်းကာ သေလောက်အောင်နှိပ်စက်နေသည်။

ဒါဟာ..
Chanyeol ကြောက်နေတဲ့အရာဖြစ်ပါလိမ့်မယ်
Chanyeol ကြောက်နေတဲ့ကျိန်စာရဲ့
အဆုံးသတ်ဖြစ်မယ်ထင်တယ်။

Take the way to Love (Completed)Where stories live. Discover now