Part 12

16.1K 1.5K 11
                                    

ညမှောင်သည်အထိကို baekhyun ပြန်မလာသေးတာ
ကြောင့် chanyeol စိတ်ထဲထင့်လို့လာသည်။
တစ်ခုခုများဖြစ်နေတာလား

အာရုံက လက်ထဲမှဖတ်နေတဲ့စာအုပ်ဆီမှာ ရှိမနေတော့ပေ။
ဒီကောင်လေးနဲ့ ပတ်သတ်ရင်ဒီလိုမျိုး ပုံစံပျက်သည်အထိ
ဖြစ်နေတဲ့ အမူအရာများကြောင့်
ကိုယ့်ကိုကိုယ်လည်း စိတ်ကုန်သည်။
ငယ်ငယ်ကတည်းက မိဘအပေါ်တွင်တောင် ခင်တွယ်မှုကို
မဖော်ပြခဲ့သော မိဘရှေ့တွင်ပင် အရယ်အပြုံး ခံစားချက်မရှိခဲ့သောသူက ဒီကောင်လေးကြောင့်
ဂယောက်ဂယက်တွေဖြစ်ကာ နေမတတ်ထိုင်မတတ်
စိတ်တွေရှုပ်ထွေးနေမိတာ ရယ်စရာတော့ကောင်းသည်။

Chanyeol စာအုပ်ကိုပိတ်၍ ထိုင်နေရာမှထကာ အရှေ့အနောက် အခေါက်ခေါက်အခါခါ လမ်းလျှောက်နေမိသည်။ လက်ဖျားတွေပဲ အေးလာသလို
ခြေဖျားတွေပဲ အေးလာသလို။ ထိုင်မရ ထမရ
ပထမဆုံးကြုံတွေ့နေရတဲ့ စိုးရိမ်မှု ခံစားချက်။

နာရီလက်တံ ၈နာရီကိုကျော်လွန်သွားချိန် ခေါင်းတွေ
နေလို့မရအောင်ပူထူလာသည်။
မဖြစ်တော့ဘူး
မှောင်နေသော ကမ်းခြေကိုမြင်နေရတာကြောင့် ဓာတ်မီးပါယူ၍ ထွက်လာခဲ့လိုက်သည်။

ဖြစ်နိုင်တာကတော့ baekhyun
အိမ်ပြန်လမ်းမသိတာနေမှာ
ဒါပေမယ့်..
ဟိုတယ်ရှေ့မှကမ်းခြေစပ်မှာ မတ်တပ်ရပ်မိစဉ် chanyeol အကျပ်ရိုက်သွားသည်။
အကယ်၍ လမ်းလျှောက်သွားတာဆိုရင် ဦးတည်ရာတစ်ခုကို လိုက်ရှာရင်တွေ့နိုင်မှာပဲ။
ဒါပေမယ့် ဘယ်ကို သွားရမလားညာကိုသွားရမလား..
မှောင်မဲနေတာကြောင့် အဝေးမှဘာကိုမှမမြင်ရချေ။
လမ်းကြောင်းနှစ်ကြောင်းမှ
မိမိဘယ်ဘက်သို့ လိုက်ရမည်မှန်းမသိ..

စိုးရိမ်ဒေါသကြောင့် ခတ်လာတဲ့လှိုင်းကိုပါ ခြေထောက်နဲ့
လှမ်းကန်လိုက်မိသည်

" shitt' ဘယ်မှာလဲကွာ ''

အလိုလိုကို ဒေါသထွက်လာတာထက် တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်စိတ်က ပိုပြီးတော့များ၏။
တစ်ခုခု ဖြစ်နေတာလား..အခုလည်း ဘယ်ဘက်ကို
သွားရမလဲ မသိတဲ့ ကိုယ့်ကိုယ်ကို ပိုပြီးမခံမရပ်နိုင်ဖြစ်တာ

တိုက်ခတ်လာတဲ့လေညင်းနဲ့ အတူ chanyeol
ဆီသို့အတွေးတစ်ခု စီးဝင်လာသည်

Take the way to Love (Completed)Where stories live. Discover now