Part 9

15.5K 1.5K 24
                                    


နေရောင်ခြည်က မျက်နှာတည့်တည့်ကို
ပီပြင်စွာထိုးနေသည်ကြောင့်ပြတင်းပေါက်ရှိရာဘက်သို့
ကျောခိုင်းကာ baekhyunပြောင်းအိပ်လိုက်သည်။

မျက်လုံးအနည်းငယ်ဖွင့်လိုက်တော့
ခေါင်းတွေမူးနှောက်သွားသည်။

အဆင်မပြေသေးတာမို့
Baekhyun မျက်လုံးကိုပြန်မှိတ်ကာ
ခေါင်း၏ နာကျင်မှုကို အာရုံထားလိုက်သည်။
နိုးတစ်ဝက် မနိုးတစ်ဝက်နဲ့ ခပ်ဆက်ဆက် အာရုံကြား

" နိုးပြီလား ''

ကြားဖူးနေကြ အေးစက်စက်အသံတစ်ခုထွက်ပေါ်လာသည်။

Baekhyun ဖြည်းဖြည်းချင်းမျက်လုံးဖွင့်ကြည့်တဲ့အခါ
ကုတင်ဘေးတွင်ရပ်ကာ
သူ့ကိုငုံ့ကြည့်နေတဲ့Chanyeol ကိုမြင်လိုက်ရသည်။
Baekhyunအိပ်နေရာမှ အမြန်ထကာ
ကိုယ်ပေါ်မှ စောင်ကိုဖယ်ပြီး
ထထိုင်မိသည်

" သက်သာပြီဆိုရင်ဒီအခန်းထဲက ထွက်သွားပေးပါလား ''

" ဟုတ် ..အခုသွားမှာပါ ''

ထွက်သွားမှာပါ။
ခင်ဗျားနဲ့ဝေးဝေးမှာပဲနေမှာ

ရုတ်တရပ်လှုပ်ရှားမိတာကြောင့်
လက်ကနာသွားသည်။
ချက်ချင်းမတ်တပ်မရပ်နိုင်။

နှေးနှေးကွေးကွေးဖြစ်နေတဲ့သူ့ကိုဒေါသထွက်နေပြီလားလို့
ဘေးကလူကို Baekhyun မော့ကြည့်လိုက်စဉ်တွင်
Chanyeol သည် မြင်နေကျအတိုင်း သူ့ကို
ငြိမ်သက်စွာ စိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။

ကျွန်တော်လည်း သူ့အနားမှာ
တစ်စက္ကန့်တောင် မနေရဲပါ။
ခြေထောက်နှစ်ချောင်းကြမ်းပြင်ပေါ်ရောက်တာနဲ့
အမြန်သွားဖို့ အားယူရင်း
ChanyeoL ၏ဘေးမှ ဖြတ်အလျှောက်

" ဆေး..တစ်နေ့တစ်လုံး ''

ရေခဲစိုင်တွေလိုအေးစက်နေတဲ့ အသံတစ်ခုကို
Baekhyun ကြားလိုက်ရသည်။

" ....''

ဘာပြောတာလဲနားမလည်တာကြောင့်
လှည့်ကြည့်မိတဲ့အခါ Chanyeol သည်
ဆေးများတင်ထားသည့် စားပွဲကို
တစ်ချက်လှမ်းကြည့်လိုက်သည်

Baekhyun သဘောပေါက်သွားသည်။
ထိုင်ခုံရှိရာသို့ လျှောက်သွား၍ ဆေးကိုလှမ်းယူစဉ်
အေးစက်စက် အသံတစ်ခု
နားထဲသို့ ထပ်မံတိုးဝင်လာပြန်သည်

Take the way to Love (Completed)Where stories live. Discover now