ညသန်းခေါင်ယံအချိန်……
လူခြေတိတ်ဆိတ်နေပြီး အလှည့်ကျကင်းစောင့်နေသည့် ရဲမက်များမှအပ နန်းတော်တခုလုံး အိပ်မောကျ ငြိမ်သက်တိတ်ဆိတ်နေပါသည်။
“ဖြည်းဖြည်း မင်းကြီး……! ကျွန်တော်မျိုးပြတဲ့ မီးအိမ်လေးက မြင်သာရဲ့လား"
ထိုအချိန် နန်းတော်အနောက်ဘက်၌ သုတ်သီးသုတ်ပျာသွားနေကြတဲ့ အမျိုးသားနှစ်ဦး...
ထိုအမျိုးသားတို့သည်ကား တယောက်သည် နိုင်ငံသခင်ရေမြေသနင်း ပြည့်ရှင်မင်းကြီးဖြစ်သည့် Do Junmyeonဖြစ်ပြီး မီးအိမ်လေးကိုင်၍လမ်းပြနေသူမှာ မင်းကြီး၏ လက်စွဲတော် Choiကုန်းကုန်းပင် ဖြစ်ပါတော့သည်။
“ရှူး...!တိုးတိုးပြောပါ! တခြားသူတွေ နိုးကုန်ပါ့မယ်"
“ဟုတ်ကဲ့ပါ မင်းကြီး..."
သူတို့ရဲ့ ဦးတည်ချက်က နန်းတော်ကြီးအနောက်ဘက် ကန့်သတ်နယ်မြေဆီသို့
မင်းကြီးက အသက်လေးဆယ်ကျော် သန်မြန်သည့် အရွယ်မို့ ဘာမှမဖြစ်ပေမဲ့ သူ့လို ခြောက်ဆယ်ကျော် အဖိုးကြီး အတွက်တော့ အနည်းငယ်မျှ သွားရုံဖြင့် အမောဆိုက်နေပါပြီ
“ကျွန်တော်မျိုးတို့ နှစ်ယောက်ထဲ ဖြစ်ပါ့မလား မင်းကြီး..."
ကန့်သတ်နယ်မြေကြီး၏ အမှတ်အသားဖြစ်သည့် ချယ်ရီပင်ကြီးကျော်လာသည်နှင့် နောက်ကျောထဲ စိမ့်ခနဲ
အေးသလိုလို ချမ်းသလိုလို ဖြစ်လာခဲ့သည်မို့ မင်းကြီးအားအကြောက်ပြေ စကာလှမ်းပြောလိုက်သည်။
ငယ်ငယ်ကတည်းက မိမိလက်ပေါ်တွင် ကြီးပြင်းလာသော ကလေးမို့ မင်းကြီးဖြစ်နေသော်ငြားလည်း ကုန်းကုန်းအနေဖြင့် ပြောရဲဆိုရဲရှိလှပါသည်။
“မောင်မင်းက ကြောက်လို့လား"
ကိုယ်တိုင်က ကျောထဲစိမ့်ချမ်းနေပေမဲ့ ခေါင်းဆောင်တယောက် တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့လူတယောက်အနေနဲ့ မိမိရဲ့ လက်အောက်ငယ်သားရှေ့မှာ သတ္တိနည်းပြနေလို့ မဖြစ်...
ကြောက်စိတ်တို့ကို ဖုံးကွယ်လိုက်ပြီး မကြောက်သည့်လေသံဖြင့် မာန်တင်းကာ ပြန်မေးလိုက်ပါသည်။
YOU ARE READING
ဘ၀ခြင်းခြားပါစေ ချစ်မှာ {COℳPℓξፐξD}
Fanfictiondika kaisoo စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်