ဘဝခြင်းခြားပါစေ...ချစ်မှာ(4)(Z+U)

789 84 5
                                    

''အား....ကျွတ်...ကျွတ်...."

မည်မျှကြာအောင် အိပ်မောကျသွားသည်မသိ အိပ်ယာနိုးလာသည့်အချိန်တွင်တော့ နူးညံ့နွေးထွေးသည့် အိပ်ယာထဲတွင် Baekhyun ရောက်နေပါသည်။

“နိုးပြီလား ရဲမက်လေး"

သြဇာကြီးမားသည့် စကားသံကြောင့် မှေးတေးတေးဖြစ်နေသေးသည့် သူ့မျက်လုံးတို့ကို ပြူးပြဲကြည့်လိုက်တော့ ထောင်ထောင်မောင်းမောင်း ဖြူဖြူခန့်ခန့်ယောက်ျားကြီးတစ်ဦးက သူ့အားကြင်နာနွေးထွေးလွန်းလှသည့် အကြည့်စူးစူးတို့ဖြင့် ကြည့်နေပါသည်။

နှုတ်ခမ်းမွှေးစစနှင့် ပြုံးပြီးကြည့်နေသည်မှာ ကြည့်ကောင်းပြီး ယောက်ျားပီသလွန်းနေသည်။

“ကျွန်...ကျွန်တော် ဘယ်ရောက်နေတာလဲ"

ကိုယ်ပေါ်မှာ ၀တ်ထားသည့် အ၀တ်အစားများကိုငုံ့ကြည့်လိုက်တော့ သူ့အ၀တ်အစားများမဟုတ် ဒီလူကြီးရဲ့အ၀တ်အစားများ ဖြစ်ဟန်တူသည်။

“ရေချိုးဆောင်မှာ လဲကျနေတာတွေ့လို့ ကျုပ်ခေါ်လာတာ ကျုပ်က မင်းကြီးရဲ့ ဦးရီးတော် စစ်သူကြီး Parkပါ"

စစ်သူကြီးPark...

ငယ်ငယ်တုန်းက ဖွားဖွားပြောပြခဲ့တဲ့ သူ့ရဲ့အိပ်ယာဝင်ပုံပြင်တွေထဲက လေးစားအားကျတန်ဖိုးထားခဲ့ရတဲ့ စစ်နတ်ဘုရား စစ်သူကြီးParkလား...

ငါ....ငါတော့ ခေါင်းဖြတ်ခံရတော့မည်။

နာမည်သာကြားဖူးခဲ့ပေမဲ့ လူအရှင်လတ်လတ်ကြီး မျက်စိရှေ့မှာတွေ့လိုက်ရတော့ Baekhyunမှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ မင်းမျက်သင့်မည်သာ ကြောက်ရွံ့စိုးရိမ် နေပါသည်။

“စိုးရွံမိပါတယ် ဦးရီးတော်...ကျန်းမာပါစေ သက်တော်ရာကျော် ရှည်ပါစေ"

ကုတင်ပေါ်မှ မြန်မြန်ဆင်းလိုက်ပြိး ကြမ်းပြင်ပေါ်ဒူးထောက်ထိုင်ကာ ခေါင်းငုံ့အရိုအသေပေးလိုက်ပါသည်။

“ရပါတယ်ကွယ်... ဒါနဲ့ ရဲမက်လေးရဲ့ လည်ပင်းကဒဏ်ရာက!!"

ဦးရီးတော်မေးမှ ရေချိုးနေစဉ် ဘာဖြစ်သွားမှန်း မသိလိုက်သည့် မိမိအဖြစ်ကို သတိရလာခဲ့ပါသည်။

ဘ၀ခြင်းခြားပါစေ ချစ်မှာ {COℳPℓξፐξD}Where stories live. Discover now