မင်းသားလေးရဲ့ လက်ကလေးကို ဆွဲ၍ ဂူကြီးထဲ ဖြည်းဖြည်းခြင်း ၀င်လာခဲ့ပါသည်။
“မှောင်မည်းနေတာပဲ Jonginရယ်"
သူ့ရဲ့လက်ကို အားကိုးတကြီး ကိုင်ဆွဲရင်း မင်းသားလေးက ညည်းညည်းညူညူ ပြောနေပါသည်။
“မင်းသားလေး ကျုပ်လက်ကို ခဏလေးလွတ်"
“မင်းဘယ်သွားမလို့လဲ Jongin..."
“မီးထွန်းမလို့ပါ"
“မြန်မြန်ပြန်လာခဲ့နော်"
“ကျုပ်က မင်းသားလေးကို မထားခဲ့ပါဘူး"
“ဟုတ်ပါပြီ မရှည်ပါနဲ့ ကျုပ်အနားသာ အမြန်ပြန်လာခဲ့ပါ"
ခဏအကြာ ဂူထဲမှာ လင်းထိန်သွားခဲ့ပြီ အဘယ်ကြောင့်ဆိုသော် ဂူနံရံတွေမှာ ပြုလုပ်ထားတဲ့ မီးတုတ်တွေ ဆီမီးခွက်တွေအားလုံး မီးညှိလိုက်သောကြောင့် ဖြစ်ပါသည်။
မီးလင်းသွားသည်နှင့် ပတ်ဝန်းကျင်ကို ဝေ့၀ဲကြည့်မိတယ် တော်တော်ကြီးကို ကြီးမားကျယ်ပြန့်သည့် ဂူကြီးပင်
သူရပ်နေသည့်နေရာက ကျောက်ဖျာကြီးပေါ်မှာ
“ဘယ်လိုလဲ မင်းသားလေး အခုရော မှောင်နေသေးလား"
“ဟင့်အင်း!!မမှောင်တော့ပါဘူး"
“လက်ကဒဏ်ရာရော နာနေသေးလား သက်သာရဲ့လား မင်းသားရယ်"
“ဒဏ်ရာက သက်သာပါတယ် ဒါပေမဲ့ ခဏလောက်တော့ အနားယူချင်သေးတယ်"
“ကောင်းပါပြီ"
ကိုယ်ရံတော်Kimက ကျောက်ဖျာကြီးပေါ်တွင် ထိုင်ချလိုက်ပြီး
“လာလေ မင်းသားလေး"
“ဘာလုပ်မလို့လဲ"
“လာပါ ကျုပ်ရဲ့ ပေါင်ပေါ်မှာ ခေါင်းတင်ပြီး ခဏလှဲနေလိုက် နောက်ပြီး ဒီကျောက်ဖျာကြီးက အနွေးဓါတ်ထုတ်လွှတ်ပေးတဲ့ ကျောက်ဖျာကြီးပါ မင်းသားလေး ဒီပေါ်မှာ လှဲလိုက်ရင် ပင်ပန်းနေတာတွေအားလုံး သက်သာသွားလိမ့်မယ်"
သူလည်း ကျောက်ဖျာကြီးပေါ် လှဲလိုက်၍ ကိုယ်ရံတော်Kimရဲ့ ပေါင်ပေါ်ကို ခေါင်းအုံးလိုက်ပါတော့သည်။
YOU ARE READING
ဘ၀ခြင်းခြားပါစေ ချစ်မှာ {COℳPℓξፐξD}
Fanfictiondika kaisoo စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်