“မလိုက်သွားပါနဲ့...! ခင်များနဲ့ ပတ်သက်သမျှ အရာအားလုံး ကျုပ်ရင်ဆိုင်မယ်လို့ ကတိပေးထားတာပဲ ကျုပ်ကိုထားမသွားပါနဲ့"
ထိုစဉ် ၀ံပုလွေဖြူကြီးက သူ့ကိုမဟုတ်ပဲ မင်းသားလေးကို ခုန်အုပ်လိုက်ပါသည်။
“မင်းသား!!!!!"
မင်းသားလေးကို ဘေးလွတ်ရာသို့ တွန်းထုတ်လိုက်သောကြောင့် မင်းသားလေး လွတ်သွားပေမဲ့ သူ့ရဲ့ လက်တစ်ဖက်ကတော့ ၀ံပုလွေကြီးရဲ့ ပါးစပ်ထဲ ရောက်သွားခဲ့ပါတော့သည်။
ဝံပုလွေကြီးရဲ့ အစွယ်တွေက သူ့လက်ဖျံကို အားပါးတရ ကိုက်ခဲထားပြီး သူ့လက်ကို ပြုတ်ထွက်သွားအောင် ခါထုတ်နေသည်။
“မဟုတ်ဘူး! Jongin!! မလုပ်ပါနဲ့ Sehun ငါတောင်းပန်ပါတယ် Jonginကို မသတ်ပါနဲ့"
မင်းသားလေးရဲ့ ငိုရှိုက်သံနှင့် အော်ဟစ်နေသောစကားများကြောင့် သူ့စိတ်တို့ ခက်ထန်ကြမ်းတမ်းလာစေခဲ့ပြီ
ဝံပုလွေကြီးရဲ့ ပါးစပ်ကို ဖြဲ၍ သူ့လက်ကို ထုတ်လိုက်တယ်
ထို့နောက်မှာတော့ ၀ံပုလွေကြီးနဲ့ သူ့ရဲ့ ပြင်းထန်သည့်တိုက်ပွဲ သို့ပေမဲ့ Kim Jonginမှာ အားအင်ကုန်ခမ်းနေပြီ
ဝံပုလွေကြီးရဲ့ Kim Jonginကို အသေသတ်မည့် ပွဲသိမ်းတိုက်ကွက်
Jonginရဲ့ လည်မျိုကို ကိုက်ခဲရန် ခုန်အုပ်လိုက်စဉ်
“သခင်ကြီး ကျွန်မရဲ့ ကြင်ရာတော်ကို နာကျင်အောင် မလုပ်ပါနဲ့"
သူနှင့် ၀ံပုလွေရဲ့ကြား ပန်းနုရောင်ဝတ်စုံဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်
~~ကြင်ရာတော်...ကြင်ရာတော်Lu...~~
Sehunလည်း မိန်းကလေးLuကိုမြင်လိုက်ရသဖြင့် လူသားအသွင် ပြန်ပြောင်းလိုက်ပြီး
“မင်းဖယ်စမ်း Lu"
“မဖယ်နိုင်ဘူး... သခင်ကြီးလိမ်တယ်! သခင်ကြီး ညာတယ်! သခင်ကြီးပြောတော့ Jonginသေပြီဆို"
“မင်းကသာ Kim Jonginကို ကြင်ရာတော်အဖြစ် သတ်မှတ်နေတာ ဟိုက မင်းကို ဦးနှောက်ထဲ မရှိတော့ဘူး Lu"
“ရှင့်ပါးစပ်ကို ပိတ်ထား Oh Sehun ကျွန်မရဲ့ ကြင်ရာတော်က အဲ့ဒီလို သစ္စာဖောက်မှာ မဟုတ်ဘူး"
![](https://img.wattpad.com/cover/142656628-288-k712293.jpg)
YOU ARE READING
ဘ၀ခြင်းခြားပါစေ ချစ်မှာ {COℳPℓξፐξD}
Fanfictiondika kaisoo စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်