မင်းသားရဲ့ နန်းဆောင်မှ ထွက်ပြေးလာပြီး ခြေလှမ်းတွေကို ကန့်သတ်နယ်မြေဆီသို့ သူဦးတည်လိုက်သည်။
လေအဝေ့မှာ အန္တာရာယ်ရဲ့ အငွေ့အသက်ကို သူခံစားမိလိုက်ရပါသည်။
ခပ်သွက်သွက်လှမ်းနေသော ခြေလှမ်းတွေအစား အလျင်အမြန်ပြေးခြင်းကို အစားထိုးလိုက်ပါသည်။
အနောက်မှ အမျိုးအမည်မသိသော အန္တာရာယ်ကလည်း သူ့ခြေလှမ်းတွေနှင့်အတူ ထက်ကြပ်မကွာ အမှီပြေးလိုက်လာခဲ့ပါသည်။
သူ မောနေပြီ သွေးသားဆာလောင်ခြင်းကို အတင်းအဓ္ဓမ ထိန်းချုပ်လိုက်ရသောကြောင့် အားအင်တွေ ကုန်ခန်းနေပြီ
“အာ_______၀ူး________"
°~°~°~°~°~°~°~°~°~°~°~°~°~
နားထဲတွင် ကြားလိုက်ရသော ၀ံပုလွေတစ်ကောင်ရဲ့ ဆွဲဆွဲငင်ငင်အူသံကြီးကြောင့် အိပ်ယာထဲတွင် လှဲလျောင်းနေရာမှ Kyungsooထထိုင်လိုက်ပါသည်။
“မင်းသားလေး လှုပ်လှုပ်ရှားရှား မလုပ်ပါနဲ့ဦး"
ရုတ်တရက် အိပ်ယာထဲမှ ငုတ်တုတ်ထထိုင်လိုက်သော သူ့ကို သမားတော်ကြီးက ကပျာကယာ တားမြစ်လိုက်ပါသည်။
“ကျုပ် သွားစရာရှိတယ် လီကုန်းကုန်း မီးအိမ်တစ်လုံး အမြန်စီစဉ်ပေးစမ်း!!"
“ဘယ်သွားမလို့လဲ မင်းသားလေးရယ် လက်မှာလည်း ဒဏ်ရာကြီးနဲ့ မဟုတ်လား"
“သင့်ရဲ့လျှာ ပြတ်ချင်ပြီလား.."
“ကျွန်တော်မျိုး သေသင့်ပါတယ်... မင်းသားလေး အမိန့်တော်အတိုင်း မီးအိမ်တစ်လုံး ယူလာပေးပါ့မယ်"
~~~~~~~~~~~~~~~~~~~~~~~~~~~~~
“မင်းသားလေး.... ဘယ်ကိုသွားနေတာလဲ အဲ့ဒါ ကန့်သတ်နယ်မြေ မဟုတ်လား"
အနောက်မှ မောပန်းဟန်ဖြင့် ပြေးလိုက်လာသော ကုန်းကုန်းရဲ့ အမေးကို မဖြေနိုင် စိတ်ထဲမှာ ကိုယ်ရံတော်Kimအတွက်ကိုပဲ စိတ်ပူနေမိပါသည်။
စကားများတဲ့ ကုန်းကုန်းလေးကို စောင့်ခေါ်မနေတော့ပဲ စက္ကူမီးအိမ်လေးကိုကိုင်ပြီး အရှေ့မှ ခပ်သွက်သွက် လျောက်လိုက်ပါတော့သည်။
YOU ARE READING
ဘ၀ခြင်းခြားပါစေ ချစ်မှာ {COℳPℓξፐξD}
Fanfictiondika kaisoo စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်