မင်းသားလေးက ပင်ပန်းစွာဖြင့် သူ့ရင်ခွင်ထဲတွင် အိပ်ပျော်သွားခဲ့ပါသည်။
မင်းသားလေးရဲ့ မျက်နှာပေါ်မှ မျက်ရည်စီးကြောင်းလေးတွေကို လက်မလေးဖြင့် ညင်သာစွာ ပွတ်သုတ်ပေးလိုက်ပြီး
“ဦးရီးတော်က ဘာတွေများ ပြောလိုက်လို့လဲ မင်းသားလေးရယ်..."
ရင်ခွင်ထဲမှာ အိပ်မောကျနေတဲ့ မင်းသားလေးကို တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်ရင်း တိုးတိုးလေး ညည်းတွားလိုက်ရင်း မနက်အာရုဏ်တက်ချိန်ရောက်မှ မင်းသားလေးကို အိပ်ယာထဲသိပ်ထားခဲ့ကာ ရဲမက်ဆောင်သို့ ပြန်လာခဲ့ပါတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မနက်စာစားချိန် မင်းသားလေးဆီသို့ အခစားဝင်လာခဲ့ပါသည်။
“ကိုယ်ရံတော်Kim စားပြီးပြီလား"
“ဟုတ်ကဲ့ ကျုပ်စားပြီးပါပြီ မင်းသားလေး"
“ကုန်းကုန်း... ဒါတွေသိမ်းလို့ရပါပြီ"
“ဟုတ်ကဲ့ပါ မင်းသား..."
မင်းသားလေးအရှေ့ စားပွဲပေါ်မှာ ရှိနေတဲ့ စားဖွယ်သောက်ဖွယ်တွေက အရာပင်မယွင်းပါ
ကုန်းကုန်းနှင့် အပျိုတော်တသိုက် စားစရာများကို သိမ်းဆည်းသွားကြသဖြင့် နန်းဆောင်ထဲတွင် သူနှင့် မင်းသားလေးသာ ကျန်ခဲ့ပါတော့သည်။
“မင်းသား... နေမကောင်းဘူးလား ဒါမှမဟုတ် ညက ကိစ္စကြောင့် နေလို့ထိုင်လို့ မကောင်းဘူးလား!!"
မင်းသားရဲ့ ခြေရင်းမှာ မုဆိုးဒူးထောက် ထိုင်လျက် ပေါင်ပေါ်မှာ တင်ထားတဲ့ လက်ကလေးတွေကို ဆုပ်ကိုင်ကာ သူ မော့ကြည့်ပြီး မေးလိုက်သည်။
“ဟင့်အင်း!! ငါနေကောင်းပါတယ် Jonginရယ်"
သူ့မျက်နှာပေါ်မှာ ကျနေတဲ့ ဆံနွယ်လေးတွေကို သပ်တင်ပေးနေတဲ့ မင်းသားလေးရဲ့ မျက်ဝန်းတွေက ကြေကွဲဝမ်းနည်းနေတဲ့ ပုံရိပ်တွေ ပြည့်နှက်နေတယ်
“ကျုပ်ကို မညာပါနဲ့ မင်းသားရယ်... မနေ့ညနေ ဦးရီးတော်နဲ့ သွားတွေ့ပြီးကတည်းက မင်းသားလေး စိတ်ဆင်းရဲနေတာ ဦးရီးတော်က ဘာတွေများ ပြောလိုက်လို့လဲ ကျုပ်ကိုပြောပြစမ်းပါ"
YOU ARE READING
ဘ၀ခြင်းခြားပါစေ ချစ်မှာ {COℳPℓξፐξD}
Fiksi Penggemardika kaisoo စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်